part 12 uni

2.4K 92 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၁၂)

ညနေကြတော့ ငါးနာရီခွဲလောက်ကတည်းက သူအိမ်ပြန်ရောက်လာပေမဲ့ ခင်ကတော့ ပြန်မရောက်သေးပေ။ အိမ်ထဲမှာ တစ်ယောက်ထဲ အလုပ်လုပ်စရာရှိတာလုပ်ရင်း ခင် မီးသီးလဲခိုင်းထားတာကို သတိရသွားလေသည်။ သူတို့အိပ်ခန်းထဲက မီးသီးဟာ လုံးဝအရှင်းမလင်းတော့ပေ။ မီးဖိုချောင် မီးသီးကလည်း ခပ်မှိန်မှိန်ရယ်။ ခင်ပြန်လာလျှင် စားဖို့အတွက် ချက်ပြုတ်ရင်း မီးသီးကို မေ့ကြည့်မိသည်။

ညနေစောင်းမို့ အပင်တွေများသည့် ခြံအရိပ်ကြောင့် မီးဖိုချောက်ခန်းကပါ မှိန်မှိန်ဖြစ်နေသည်။ ပိုက်ဆံက ပြောရလောက်သည်ထိ မရှိတော့ပေမဲ့ မဝယ်လို့လည်းမဖြစ်ပေ။ သေချာပြန်စဥ်းစားကြည့်တော့ သူဟာ ခင်ပြောသလို တကယ်လည်း အဖြစ်မရှိသည့် ယောကျ်ားတစ်ယောက်ဖြစ်နေသည်။ ချမ်းသာသည့်မိန်းမကို ရအောင်ယူခဲ့ပေမဲ့ ချမ်းသာအောင်တော့ မထားခဲ့နိုင်ပေ။

အခုတော့ ချမ်းသာအောင်မထားနိုင်လည်း မီးလင်းလင်းထိန်ထိန်မှာတော့ ထားနိုင်အောင် မီးသီးလဲပေးရတော့မည်။ အားလုံးချက်ပြုတ်ပြီးသည်နှင့် ရေမိုးချိုးကာ အပြင်ထွက်ဖို့တွေးမိပြီးမှ ရေမချိုးတော့ဘဲ ဒီအတိုင်း မီးသီးဝယ်ဖို့ထွက်လာခဲ့လိုက်သည်။ ဟိုတစ်နေ့က ညဘက်ရေချိုးဖို့ တစ်ယောက်ထဲဖြစ်နေတာနှင့် ခင့်ကိုခေါ်ပြီး သွားချိုးခဲ့ရသည်။ အမြင်မကြည် မတည့်ပေမဲ့ ခင်ကလိုက်ခဲ့ပေး၍ သူ ကျေနပ်ခဲ့တာတော့အမှန်ပင်။ သူ့စိတ်ထဲမှာလည်း သဘောကျကာ ကြည်နူးခဲ့လေသည်။ ဒါကြောင့် ဒီနေ့လည်း ရေချိုးဖို့အချိန်ရနေလျက်နှင့် သူမချိုးဘဲ အပြင်ထွက်ပြီး မီးသီးဝယ်သည်။

မှောင်ပြီးမိုးချုပ်ချိန်တောင်ရောက်နေပြီမို့ ခင်လည်း ပြန်ရောက်တော့မည် အချိန်ဖြစ်နေလေသည်။ ဒါကြောင့် မီးသီးဝယ်ပြီး အိမ်ကိုတန်းမပြန်ဘဲ ခင့်ကိုကြိုဖို့ ရပ်ကွက်ထိပ်ကနေ သွားစောင့်နေလိုက်၏။ ဆိုင်ကယ်သမားတွေဂိတ်ထိုးထားသည့် ဘေးကအုတ်ခုံလေးမှာထိုင်ရင်း လက်ထဲကမီးသီးကို မြှောက်လိုက်ဖမ်းလိုက်ဆော့ရင်း ခင့်ကိုထိုင်စောင့်နေသည်။ အလုပ်ပြန်ချိန်မို့ ဆိုင်ကယ်ဂိတ်မှာ ကယ်ရီသမားတွေအလုပ်ဖြစ်နေလေသည်။ အိမ်ပြန်လာကြသည့် လူဆယ်ရောက်မှာ ရှစ်ယောက်လောက်က ကယ်ရီနှင့်ပြန်ကြသဖြင့် ဂိတ်မှာ ဆိုင်ကယ်တောင် သိပ်မရှိတော့ပေ။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now