system 🐿

2.9K 95 1
                                    

Unicode........

စူးရှသောနေရောင်ခြည်ကြောင့် ကုတင်ပေါ်တွင်အိပ်ပေါ်နေသောကောင်လေး၏မျက်လုံးများ စုကျံ့လာကာကုတင်ထက်မှငုတ်တုတ်ထထိုင်လိုက်သည်။

  "ဝါး...ဘယ်နစ်နာရီရှိနေပြီလဲမသိဘူးအိပ်လို့ကောင်းလိုက်တာ"

ပုတ်ခပ်ပုတ်ခပ်ဖြစ်နေသောမျက်လုံးတွေကိုလက်နဲ့ပွတ်သက်လိုက်ပြီးခေါင်းရင်းထက်ကနာရီကိုကြည့်လိုက်
တော့ မနက် ၁၀ နာရီကျော်နေပြီလေ။

"အာ...၁၀ နာရီတောင်ကျော်ပြီပဲ "

ကုတင်ထက်မှာကာ တကိုယ်ရေသန့်ရှင်းရေးလုပ်လိုက်သည်။တစ်ယောက်ထဲနေရတဲ့သူ့ဘဝရဲ့တစ်နေ့တာတွေကတော့ခြောက်ကပ်ကပ်နဲ့သာ။

သူ့နာမည်ကတော့ ဂျွန်ဂျောင်ဂုဖြစ်ပြီးမိဘနှစ်ပါးကအမွေကိစ္စကြောင့်လက်ထက်ခဲ့ခြင်းဖြစ်သည်။ဂျောင်ဂုကိုလည်းအခြေအရကြောင့်သာမွှေးခဲ့ရပေမယ့် ထွေးပွေ့ယုယချစ်ခင်ချင်းမရှိခဲ့ပေ။ဒါကြောင့် ဂျောင်ဂုအသက်၁၃နှစ်မှာပင်မိဘနှစ်ယောက်ဟာကွာရှင်းခဲ့ကြလေသည်။ဂျောင်ဂုကိုတော့သူ့တို့ရဲ့ပိုင်ဆိုင်မူတစ်ချို့တစ်ဝက်ကိုပေးခဲ့ကြပြီးနောင်အိမ်ထောင်များပြုသွားကြတော့သည်။

ငယ်စဥ်ထဲကမိဘမေတ္တာကိုလိုချင်ခဲ့သောဂျောင်ဂုဟာမိသားစုအခြေအနေကြောင့် လူတွေနဲ့ဝေးဝေးကိုရှောင်ဖယ်လာတတ်တော့သည်။ထို့ကြောင့်ကျောင်းပြီးတဲ့ချိန်ထိအောင် သူ့မှာသူငယ်ချင်းတစ်ယောက်တောင်မရှိခဲ့ပေ။

အများအမြင်ကိုအေးစက်စက်နေတတ်ပေမယ့် တကယ်တော့မေတ္တာငတ်နေတဲ့ကလေးငယ်တစ်ယောက်သာပင်။တစ်ခါတစ်လေ သူလည်းအခြားမိသားစုတွေလို ပျော်ပျော်ရွင်ရွင်နေချင်ခဲ့ဖူးသည်။ဒါပေမယ့်သူ့ဘဝကမဖြစ်နိုင်ပေ။ဒါကြောင့် သူရဲ့ရင်ဖွင့်ရာဖြစ်တဲ့wpကိုသာအကောင်းဆုံးအဖော်မွန်လို့မှတ်ယူထားမိသည်။

" အား...ဗိုက်ဆာလိုက်တာ အောက်ထပ်မှာခေါက်ဆွဲပဲသွားပြုတ်စားလိုက်တော့မယ်......ရေး....ရေ...ဟူး...ဟူး...အမလေး.......အား....ဒုတ်....  "

ဂျောင်ဂုတစ်ယောက်ဗိုက်အရမ်းဆာနေတာကြောင့် အောက်ထပ်ကိုပြေးဆင်းမိရာခြေချော်ပြီး ၂၀ ကျော်လောက်ရှိတဲ့
လှေကားကနေပြုတ်ကျသွားတော့လေသည်။နောက်ဆုံးထပ်ကလှေကားဇောင်းနဲ့ဆောင့်မိပြီး ဂျောင်ဂုရဲ့မျက်လုံးတွေဟာ အမှောင်ဖုံးသွားခဲ့တော့သည်။

" အား...ကျွတ်...ကျွတ်...ကျွတ်..နာလိုက်တာ...ဟမ်...ငါဘယ်ရောက်နေတာလဲဟ...ငါ​ေသသွားပီလား "

"မဂ်လာပါ host  "

" မဟုတ်မှ ငါသေပြီး system နဲ့ချိတ်ဆက်မိသွားတာလား  "

" မှန်ပါတယ် host ဒါပေမယ့် မူလကမ္ဘာမှာတော့ host ကမသေသေးပါဘူးဆေးရုံမှာပါ "

'အံမယ်ဘယ်ဆိုးလို့လဲ ငါ့ host ကတော်သားဟ ရုပ်ကလေးကလည်းချော်သေး ´

" ဝါး system ဆိုတာတကယ်ရှိတာပဲယုံတောင်မယုံဘူး အခုတော့လက်တွေ့မြင်ဖူးပြီ  "

'ငါ host ကရီရင်ချစ်စရာလေးက အဟိယုန်သွားလေးတွေနဲ့ လုံးဝuke type ပဲ  ´

" ဟုတ်ကဲ့ ဒါကြောင့် host ကျွန်တော်နဲ့အတူတစ်ခြားကမ္ဘာတွေသွားပြီး mission လုပ်ကြမလားဟင်  "

" အင်း ဟိုမှာလည်းပျင်းနေတာပဲ ငါလုပ်မယ် မင်းမှာနာမည်မရှိဘူးမို့လားငါနာမည်ပေး ပေးမယ်လေ   "

" ဟုတ်ကဲ့ပါ host "

" အွန်း...မင်းကအကောင်သေးသေးလေးနဲ့ချစ်စရာလေးဆိုတော့ မင်းကိုဘူးဘူးလို့ခေါ်မယ် ဘယ်လိုလဲ တရုတ်မင်းသမီးနာမည်က ဂူးဂူး ငါနာမည်က ကူးကူး မင်းကတော့ဘူးဘူးပေါ့ ချစ်ဖို့ကောင်းတယ်မို့လား   "

" ဝူး...ဟူး...ရေး...ငါနာမည်ရသွားပြီကွ အဟမ်း...နာမည်ပေးပေးလို့ကျေးဇူးပါ host "

နာမည်ရသွားလို့ ခုန်ပေါက်ကာပျော်နေတဲ့ ချစ်စရာရှဥ်လေးကို ဂျောင်ဂုတစ်ယောက်ပြုံးကြည့်နေမိသည်။

" ဒါဆို ကျွန်တော် mission အကြောင်းရှင်းပြစရာလိုသေးလား host "

" ရတယ် မလိုတော့ဘူး ဘူးဘူးငါ wp ထဲမှာဖတ်ဖူးတယ်  "

" Ok ကျွန်တော်တို့ mission စလုပ်ကြတာပေါ့  "

" အွန်း  "

" အော် ကမ္ဘာကူးပြောင်းတဲ့အခါကျရင်နည်းနည်းတော့နာပါလိမ့်မယ် ကြိုပြောတာပါ ဒါဆိုပထမကမ္ဘာကိုသွားကြတာပေါ့ "

ဘူးဘူးရဲ့စကားဆုံးတာနဲ့ ဂျောင်ဂုတစ်ယောက် ဂျောင်နက်ထဲပြုတ်ကျသလိုခံစားလိုက်ရတော့သည်။
.............................................
Smiling ( 20, 1, 2023 )

My Man Is The Main God  (System)Where stories live. Discover now