Arc1•2 { M J K }

1.1K 85 0
                                    

Unicode..........

" လေယာဥ်ပေါ်မှာလိုက်ပါလာတဲ့ခရီးသည်များရှင်မကြာခင်အချိန်မှာလဲကိုရီးယားမြေပေါ်သို့လေယာဥ်သက်ဆင်းတော့မှဖြစ်ပါသဖြင့် ခါးပတ်များပတ်ပေးထားဖို့မေတ္တာရပ်ခံအပ်ပါတယ်ရှင်  "

လေယာဥ်ကွင်းကနေ Box ကလေးဆွဲကာထွက်လာသော ကောင်လေးသည်လူအများကြားမှာ ထူးခြားနေပေသည်။

ဖြူဖွေးကြည်လင်နေသောအသားရေပေါ်တွင်အမည်းရောင်ရှပ်နဲ့ဘောင်းဘီအမည်းအရှည်ကိုဝတ်ဆင်ထားကာအပေါ်ကနေအနီရောင်ဂျာကင်လက်ရှည်ကိုတွဲဖက်ဝတ်ဆင်ထားပုံရိုးရှင်းတယ်ထင်ရပေမယ့် အကြည့်မလွဲနိုင်ပေ။ ထူးထူးခြားခြားရွှေရောင်ဆံပင်လေးကထိုကောင်လေးနဲ့ပိုလိုက်ဖက်နေသယောင်ပင်။

ဂျောင်ဂုကတော့သူ့ကိုယ်ငေးကြည့်နေကြတဲ့သူတွေကိုသတိတောင်မထားမိပေ။

^ ဘူးဘူး အစ်ကိုမင်အခုဘယ်မှာလဲ ^

^ ကုပဏီမှာပဲရှိသေးပါတယ် host ^

^ Ok let go ^

ဂျောင်ဂုလည်း ကားငှားကာ ဒုတိယဇာတ်လိုက်ကြီးရှိတဲ့ မင်ကုပဏီကိုသွားလိုက်သည်။

ဟိုရောက်တော့ ဂျောင်ဂုတစ်ယောက်အံသြနေရသည်။မင် group ကအကြီးကြီးပဲကုပဏီကိုလည်းမှန်တွေနဲ့ဆောက်လုပ်ထားသည်။အမြင့်ကြီးပဲအထပ်၁၀၀လောက်တောင်ရှိလားမသိဘူး။

^ host ဒါတောင် ဇာတ်လိုက် ကုပဏီကိုမမြင်ဖူးသေးလို့ မင်group ထပ် ဇာတ်လိုက်ကုပဏီကပိုကြီးတယ် ^

^ဇာတ်လိုက်တွေကတော့ကမ္ဘာရဲ့ကောင်းချီးပေးခံရတဲ့သူတွေပဲလေ ^

ဂျောင်ဂုလည်း အထုတ်ကြီးဆွဲကာကုပဏီထဲဝင်လာခဲ့တော့သည်။

" မဂ်လာပါအစ်မ ceo မင်ယွန်ဂီနဲ့တွေ့ချင်လို့ပါ "

" ကြိုတင်ချိန်းဆိုမူယူထားသေးလားမောင်လေး "

ကောင်တာကအစ်မကြီးဟာလည်းသ့ရှေ့ကကောင်လေးအား မျက်စိမခတ်တန်းကြည့်နေမိသည်။သူ့ရှေ့မှာနတ်သားလေးရောက်နေသလိုပင်။

'နတ်သားလေးကျနေတာပဲ ချောလိုက်တာ...မဟုတ်ဘူး လှလိုက်တာ ´

" မယူထားဘူး အစ်မ "

My Man Is The Main God  (System)Where stories live. Discover now