Arc 2•4 { J J K }

754 63 2
                                    

Uni.............

ထယ်ယောင်း ဂျောင်ဂုကိုအရမ်းမုန်းတီးနေပေမယ့် သူ့စိတ်ကတော့ ဂျောင်ဂုကိုမြင်တိုင်းပျော်နေခဲ့ပေသည်။အခုလည်းဂျောင်ဂုအဆောင်ထဲကိုဘယ်လိုရောက်မှန်းမသိရောက်လာခဲ့သည်။

ပြန်လည်မွှေးဖွားလာပြီးနောက်ပိုင်းတွင် ဂျောင်ဂုအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကအမုန်းတရားကိုပြောင်းလဲသွားခဲ့ရသည်။ ဒါကြောင့် ဂျောင်ဂုကိုအတင်းလက်ဆက်ခဲ့ပြီး အနားခေါ်ထားကာ တမင်နှိပ်စက်ခဲ့သည်။ သူ့အချစ်တွေကိုစော်ကားခဲ့တာကြောင့် မဂ်လာဦးညတောင် မဖြတ်သန်းခဲ့ပေ။

အနောက်ဆောင်ကလူတိုင်း ဂျောင်ဂုကိုနှိပ်စက်နေမှန်းသိပေမယ့် သူပျော်ပျော်ကြီးကြည့်နေခဲ့သည်။သူ့နှလုံးသားရဲ့အနက်ဆုံးနေရာမှာတော့အလွန်ကြေကွဲနေခဲ့မှန်းမသိခဲ့ပေ။

အိပ်ခန်းထဲမှာမရှိတာကြောင့် တစ်ခြားနေရာတွေမှာ ရှာရင်း ရေချိုးဆောင်ဘက်ရောက်လာသည်။ပြန်လှည့်ဖို့လုပ်လိုက်ပေမယ့် သူ့ရှေ့က ဂျောင်ဂုပုံစံကြောင့် သူ့သွေးတွေပြောင်းပြန်စီးဆင်းသွားသလိုခံစားခဲ့ရသည်။

အဝတ်စလတ်နဲ့ ရေချိုးနေတဲ့ဂျောင်ဂုပုံစံကိုသူ့ပထမဆုံးမြင်ဖူးတာပင်။ထယ်ယောင်း သူ့လည်ချောင်းတွေခြောက်လာသလိုခံစားနေရသည်။ဂျောင်ဂုကိုယ်ပေါ်ကစီးကျနေတဲ့ရေစက်ကလေးတွေကိုတောင်မနာလိုမိသည်။ သူ့လျှာတွေယားလာမိသည်။ နီနီရဲရဲပွင့်ချပ်လေးနှစ်ခုကြည့် သံတွေး ခနခနမျိုချနေရပြီ။သူ့အောက်ပိုင်းကလည်း ဆန္ဒပြလာခဲ့​လေသည်။

ထိုခန ဂျောင်ဂုကအဝတ်ကိုကောက်ပတ်လိုက်သည်။သူရှိနေတာသိသွားပုံရသည်။ တစ်ခုခုလာနေတယ် ထင်လို့ဘေးကိုရှောင်လိုက်တော့ သူ့မျက်နှာဘေးမှာလာစိုက်နေတဲ့ ဆံတိုး။

ထယ်ယောင်းမျက်ခုံးတွေခွန့်ချိုးသွားသည်။ သူသိတဲ့ ဂျောင်ဂုက သိုင်းမတတ်ဘူး။သူသိခဲ့တဲ့ ဂျောင်ဂုနဲ့ အခုဂျောင်ဂုက ကွဲပြားနေသလိုပဲ။

" မင်း.....မင်းကြီး "

ဂျောင်ဂုကလည်းသူမှန်းသိသွားခဲ့ပြီ။ဂျောင်ဂုရဲ့အကြည့်တွေကြောင့် ကတုန်ကရင်ဖြစ်လာရသည်။

My Man Is The Main God  (System)Where stories live. Discover now