Uni........
" ငယ်လေး ဆင်းလာပြီလား ကိုကိုပြောစရာရှိလို့ "
" ဟုတ်ကဲ့ ပြောလေ "
" ကိုကိုတို့ ကုပဏီ နှစ်၅၀ ပွဲရှိတယ် "
" အာ ဟုတ်လားဘယ်တော့လဲ "
" ဒီညနေပဲ ကိုကိုတို့ hotelမှာ ပဲကျင်းပမှာ "
" ဟင် သားလည်းမသိလိုက်ရပါလား သားဘာမှမပြင်ရသေးဘူး "
" ငယ်လေးကဘာမှပြင်စရာမလိုတော့ဘူး ကိုကိုအကုန်ပြင်ပြီးပါပြီ ငယ်လေးကကျောင်းနဲ့မို့မပြောတော့တာ ညနေကြရင် ပွဲကို ကိုကိုနဲ့အတူတတ်ပေးရုံပဲ ဝတ်စုံကိုလည်း ကိုကိုပြင်ထားပြီးပြီ ညနေ့ကြရင် ဝတ်စုံလာပို့လိုက်မယ် "
" ဟုတ်ကဲ့ ကိုကို အပြင်သွားစရာရှိသေးလား "
" အင်း ကိုကိုအပြင်အဆင်ကိုသွားကြည့်မလို ငယ်လေးကဘာလို့မေးတာလဲ "
" သားအပြင်သွားချင်လို့ ဆံပင်အရောင်ပြောင်းချင်လို့ "
" သွားလေ ကိုကိုမုန့်ဖိုးပေးလိုက်မယ် "
" ရတယ် ကိုကိုသားမယူတော့ဘူး လူကြီးကသူ့ကပ်ပေးထားတယ် "
" ဟုတ်လား ဒါဆိုများများသာသုံးပစ်ခဲ့ သိလား သူ့ကုပဏီပါမွဲအောင်လုပ် "
" ဟား...ဟား...ဟုတ်ကဲ့ကိုကို...မွ ညနေ့မှတွေ့မယ်နော် "
ခုန်စွခုန်စွနဲ့ အပေါ်ထပ်ကိုပြေးတတ်သွားတဲ့ ငယ်လေးကိုကြည့်ပြီး သူပြုံးနေမိသည်။
အငယ်လေးက အရင်ကထက်ပို ကလေးဆန်လာတာပဲ။အရမ်းလည်းဆိုးလာသည်။
ဆိုးလာတာလည်းမပြောပါနဲ့ Kim V ကသူ့ညီငယ်လေးအရမ်းအလိုလိုက်တာကိုး။
ဒီကဘာလိုချင်တယ်ပြောလိုက်တာနဲ့ဟိုဟ ချက်ချင်းကိုရောက်လာတာ။
ရှေ့ပတ်က ပဲ ကားလိုချင်တယ်ပြောလို့ နှစ်ရက်မကြာဘူး နိုင်ခြားကနေဝယ်ပို့လာလေရဲ့။
Kim V နဲ့ဆိုသူညီလေးကိုစိတ်ချသွားပါပြီ။အခုထိတော့မယုံချင်သေးဘူး။
Kim V လို့သွေးအေးရေခဲဘုရင်ကြီးက သူညီကိုတော့ မျက်နှာတစ်ချက်ပင်အညိုးမခံဘဲ အလိုလိုက်ချစ်ပေးသည်လေ။