Uni..............
မင်ကုပဏီ နှစ် ၅၀ပြည့်အခမ်းအနားကို မင် hotel မှာသာကျင်းပခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် အချို့နဲ့ မီဒီယာအချို့ကိုသာ ဖိတ်ကြားခဲ့သည်။
ဖိတ်ကြားထားတဲ့လူတွေစုံနေပေမယ့် ဒီနေ့ပွဲရဲ့ အဓိကလူတွေတော့မရောက်သေးပေ။
မကြာခင် ထိုးရပ်လာတဲ့ ကားကြောင့် မီဒီယာသမားတွေကလည်း မလွတ်တန်းမှတ်တန်းယူနေကြသည်။
Ceo kim V ကဒီလိုပွဲတတ်တာရှားသည်။
အခုလိုမင်ကုပဏီပွဲကို ceo kim V တတ်သည်ဆိုတည်းက တစ်ခုခုပဲလေ။
အနက်ရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်တွေကိုသေသပ်စွာလှန်တင်ထားပုံကမသေမျိုးနတ်ဘုရားသဖွယ်။
Ceo kim V ရောက်လာကိုသိလိုက်သိနှင့်ပွဲထဲကအမျိုးသမီးအချို့ဟာ ပါးပြင်လေးတွေသန်းလာပြီး သူ့ထက်ငါအပြိုင် အလှဆုံးဖြစ်အောင်ပြင်ဆင်နေကြတော့သည်။
Kim V ကတော့ သူတို့ကိုရှိတယ်လို့တောင်မထင်ထားပေ။
အပေါက်ဝကိုလှမ်းကြည့်နေပုံကတစ်စုံတစ်ယောက်ကိုမျှော်နေသလိုပင်။
" ceo kimတောင် ရောက်နေပြီပဲ "
" အော် ဂျီမင်ပဲ ရောက်နေတာကြာပြီလား "
" သိပ်မကြာသေးပါဘူး ceo အရှေ့တင်ပဲ လူတွေစုံနေပြီ အဓိကလူတွေသာမရောက်ကြသေးတာလေ "
" သြော်...ပြောရင်းရောက်လာကြပြီထင်တယ် "
အနက်ရောင် ကားထိုးရပ်သွားတာနဲ့မီဒီယာတွေ အတင်းထိုးဝှေ့လာကြသည်။ထိုကားက ဒီနေ့ရဲ့အဓိကလူဖြစ်တဲ့ ceo မင်ကားပင်။
ကားတံခါးဖွင့်လိုက်တာနဲ့ ceo မင်ဆင်းလာခဲ့သည်။
အနက်ရောင်နဲ့အဖြူရောင်ရောထားတဲ့အနက်တိုင်းဝတ်စုံကိုသာဝတ်ဆင်ထားသည်။
မကြာခင်ထိုကားထဲ့မှ အဖြူရောင်ရောင်ဖိနပ်လေးတစ်စုံထွက်ပေါ်လာခဲ့သည်။
မီဒီယာသမားတွေကလည်းဘယ်သူများလည်းဆိုကာ မလွတ်တန်းရိုက်ယူနေကြသည်။
ထိုအချိန်ပန်းရောင်ခေါင်းလုံးလုံးလေးနဲ့ အဖြူရောင်အနောက်တိုင်းဝတ်စုံကိုအချိုးကျစွာဝတ်ဆင်ထားတဲ့လူငယ်လေးတစ်ယောက်ထွက်လာခဲ့သည်။