Uni................
" Host mission အောင်မြင်သွားတာ ဂုဏ်ယူပါတယ် "
" အင်း "
" host စိတ်မကောင်းဘူးဆိုတာ သိပေမယ့် ကျွန်တော်လည်းစိတ်မကောင်းဖြစ်မိပါတယ် ဒါပေမယ့် ကျွန်တော်တို့ကခနတာရောက်ခဲ့ကြတဲ့ ဧည့်သည်တွေ "
" ငါ့နားလည်ပါတယ် လုပ်စရာရှိတာလုပ်ပါ "
" ဟုတ်ကဲ့ first world 8000 points နဲ့ အားပြည့်ဆေးလုံး ၃လုံးရရှိပါတယ် အနားယူအုန်းမလား "
" မယူတော့ဘူး ဘူးဘူး "
" ဒါဆို နောက်ကမ္ဘာအတွက် ပုလွေတူရီယာကိုသင်သူရမှာပါ ရှေ့တံခါးကိုဝင်သွားလိုက်ပါ host "
" အင်း...သွားတော့မယ် ဘူးဘူး "
" ဟုတ်ကဲ့ "
ထွက်သွားတဲ့ host ကိုကြည့်ပြီး ဘူးဘူးကိုစိတ်မကောင်းဖြစ်နေခဲ့ရသည်။
သူသိတာပေါ့ သူ့ host ကနာကျင်စရာတွေမေ့အောင်အနားမယူခဲ့တာ။
သူ host ခံစားနေရတာကိုသူလည်းခံစားမိတယ်လေ။
သူ့ host နာကျင်နေရတာကို သူမကြည့်ရက်ဘူး ဒါကြောင့် သူ့ hostမှတ်ဉာဏ်တစ်ချို့ကိုဖျောက်ပစ်လိုက်သည်။
၃နှစ်ခန့်ကြာပြီနောက်.......
ဂျောင်ဂု ပုလွေပညာကိုသင်ယူပြီးပြန်လာတော့ တခေါခေါအိပ်မောကျနေတဲ့ ဘူးဘူးကိုမြင်လိုက်ရသည်။
သူလည်းမနိုးချင်တာတောင့် ထိုင်စောင့်နေခဲ့သည်။သူ့မှတ်ဉာဏ်ထဲမှာတစ်စုံတစ်ဦးပျောက်ဆုံးနေသလိုခံစားနေရသည်။သူ့လူတစ်ယောက်နဲ့ချစ်ခဲ့ဖူးတာကိုသာသိသည်။
ထိုသူကဘယ်သူလဲဘယ်လိုပုံစံလည်းဆိုတာတော့ စဥ်းစားလို့မရပေ။
" ဝါး.....host ပြန်ရောက်တာကြာပြီလား "
" မကြာသေးပါဘူး "
" host စောင့်ရင်းအိပ်ပျော်သွားတာ sorry 😁"
" ရပါတယ် ငါလည်းမနိုးချင်လို့ပါ "
" ဟုတ်ကဲ့ နောက်ကမ္ဘာသွားကြတော့မလား host "
" အင်း...သွားကြမယ်လေ "
* Mission ကူးပြောင်းလိုက်ပါပြီ *
Missionကူးပြောင်းလိုက်တာနဲ့ ဂျောင်ဂုလည်း systemထဲကနေ ဘူးဘူးနဲ့အတူပျောက်သွားခဲ့ရတော့သည်။
" ဖြောင်းးးးး "
ဘယ်သူကထင်မိမှာလဲ ဒီကမ္ဘာကိုစရောက်ရောက်ခြင်း ပါးရိုက်ကြိုဆိုခံလိုက်ရမယ်လို့လေ။
မူလပိုင်ရှင်ကမေ့လဲသွားမှ ဂျောင်ဂု ဘူးဘူးကိုဆက်သွယ်လိုက်သည်။
^ ဘူးဘူး ငါကိုဘယ်နေရာပို့လိုက်တာလဲ ^
^ ဟီး😬 ဘူးဘူးမလုပ်ဘူးနော် host အထက်ကလုပ်တာပါ ဘူးဘူးနဲ့ဆိုင်ဘူး ^
^ အထက်ကလူတွေ Fluck ပဲ ^
အထက်ကလူများ - ဟပ်...ဟပ်...
ဟပ်ချိုး
(ဘယ်သူငါတို့အကြောင်းပြောနေတာလဲ)
.........................................
Smiling
Next................