I

381 24 7
                                    

"ဂျန်"

ပင်လယ်ပြင်ကြီးကိုမျက်နှာမူထားပြီး ရပ်နေတဲ့ဖြူလွလွအရိပ်ကလေး
လေယူရာအတိုင်းလွင့်နေတဲ့ အပြာနုရောင်
ဆံသားဖျော့ဖျော့နဲ့ကြည့်ကောင်းနေတဲ့သူ
အဖြူရောင်ဝတ်ထားတဲ့သူရဲ့ပုံရိပ်က ပင်လယ်ပြင်နားမှာ လိပ်ပြာဖြူ"လေးဝဲနေတဲ့အတိုင်း
နောက်ကျောဘက်ကမြင်ရရင်တောင် သိပ်သဘောကျချင်စရာကောင်းတာမျိုး

ကျနော့်ရဲ့ခေါ်သံက သူ့နားထံမရောက်ခင်အလိုမှာ
လေပြေညှင်းတွေထဲ တိုးဝင်ပျောက်ရှသွားတယ်

သူ့ဘေးနားကိုရောက်လာတဲ့ကောင်မလေးတစ်ယောက်ကြောင့်လား
မလိုအပ်ဘဲ အပြုံး‌တွေကိုဖောဖောသိသိပေးနေတဲ့ သူ့ကြောင့်ပဲလား
ဒါမှမဟုတ် သူ့အသံတိုးသွား၍ပဲလား

အင်းး ငါ့အချစ်တွေလည်း ဒီလို‌ပျောက်ရှသွားရင်သိပ်ကောင်းမယ်

သူရှိရာဆက်မသွားတော့ဘဲ သစ်ပင်အကွယ်နားလေးက ထိုင်ခုံတန်းလေးမှာဝင်ထိုင်နေမိတယ်

ပင်လယ်ပြင်ကြီးကိုငေးကြည့်ရင်း သူ့အဖြစ်ကိုပြန်တွေးမိတော့ ခပ်ဖွဖွရယ်တယ်

အခုချိန်မှာသူကဘာလဲ
ဂျန်ကကော သူနဲ့ဘယ်လိုဆက်ဆံရေးလဲ
တစ်ခါတစ်လေ ကိုယ့်ရဲ့ဖြစ်တည်မှုကိုတောင် သံသယဝင်မိတဲ့အထိပဲ

အမှန်တိုင်းပြောရရင်အရင်တုန်းအချိန်တွေကိုပြန်လိုချင်တယ်

သူနဲ့မဆုံခင်အချိန်
သူကိုမချစ်မိခင်အချိန်
သူ့နဲ့ ချစ်သူမဖြစ်ခင်အချိန်

တကယ်ပြန်လိုချင်နေတဲ့အချိန်အပိုင်းအခြားတွေ

မင်းကိုမချစ်ခဲ့မိရင်ကောင်းမယ်
မင်းနဲ့မတွေ့ခဲ့မိရင် ကောင်းမယ်
မင်းကိုအခြားမိန်းကလေးတစ်ယောက်နဲ့ပြုံးပျော်နေတာမြင်တိုင်း သူအလိုလိုဝင်လာတဲ့အတွေးစတွေပါပဲ

အတွေးဆိုသလို တွေးဖို့သာလွယ်တာ
အပြင်လက်ရှိမှာတော့ ကျနော်ကသူ့လှောင်အိမ်ထဲမှာပိတ်မိ‌နေတဲ့ငှက်လေးပမာပါပဲ
ပျံထွက်သွားခွင့်ပေးထားရင်တောင်
ဒီသခင်ကိုချစ်လွန်းလို့ ကိုယ့်ဘာသာအချုပ်ကျခံချင်နေတဲ့အဖြစ်

ကျွန်တော်နှင့်သူ ဘယ်သောအခါမှ Where stories live. Discover now