IV

150 20 2
                                    

မနက်ခင်း နေအလင်းစူးစူးက ပြတင်းပေါက်ကနေဖြတ်လို့ မျက်နှာကိုလုံးလုံးလျားလျားကျရောက်လာတယ်

မျက်နှာကိုစောင်းကာ တစ်ဖတ်ကိုလှည့်အိပ်လည်း နောက်ကျောဘက်ကိုထိုးနေတဲ့နေကြောင့် ဆက်အိပ်လို့လုံးဝမရ
စိတ်မရှည်စွာ ကုတင်ပေါ်အိပ်ချင်မူးတူးနဲ့ငုတ်တုပ်ထထိုင်လိုက်သည်

ဘေးက နေရာကိုကြည့်မိတော့ သူလုံးထွေးပြီး ပြစ်ထားတဲ့စောင်နေအပြင် ဘာပုံရိပ်မှရှိမနေ

မနေ့က ဂျဲနိုပြန်မလာဘူးပဲ
ခနလေး မကြာဘူးလို့ပြောပြီး ထွက်သွားတဲ့သူက ယနေ့မနက်ထိ ပြန်မလာခဲ့ပါဘူး

မနေ့ညက ညဉ့်နက်တဲ့ထိ မအိပ်ဘဲထိုင်စောင့်နေရတဲ့ကျနော်သာလျှင် သောက်ရူးကြီးပါပဲ

တစ်ခါတစ်လေတော့ မင်းစကားကိုမင်းအရေးထားပေးပါ့လား မင်းကဘာရယ်မဟုတ်ပြောလိုက်ပေမယ့် တစ်ဖက်မှာကျန်ခဲ့တဲ့ငါက မင်းပြောသမျှကိုသောက်ရူးတစ်ယောက်လို လိုက်မှတ်ထားမိလို့လေ

တွေးလက်စ အတွေးအချို့ကို ခေါင်းခါကာထုတ်လိုက်ပြီး ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်

ဒီနေ့ Monday ကျောင်းဖွင့်သည်လေ

ရေချိုးခန်းထဲဝင်ကာ ရေကိုအမြန်ချိုးလိုက်ပြီး
ဗီရိုထဲက ကျောင်းဝတ်စုံတစ်စုံကိုဆွဲထုတ်လိုက်သည် မိုးနည်းနည်းအေးပေမယ့် အပေါ်ထပ်ဝတ်ဖို့ထိမလိုတာကြောင့် ဒီတိုင်းသာ ဝတ်ခဲ့လိုက်သည်

အရင်ကဆို ဂျဲနိုနဲ့အတူတူသွားနေကြပေမယ့်
ဒီနေ့တော့ အခုထိပေါ်မလာတဲ့သူကြောင့်
စက်ဘီးကိုထုတ်ကာ တစ်ယောက်တည်းကျောင်းကိုထွက်လာခဲ့လိုက်သည်

သူကတော့ အဆင်ပြေတဲ့နည်းနဲ့ သူ့ဟာသူလာလောက်မှာပါ
ကျနော်က အဲ့လောက်ထိစိတ်ပူခွင့်ရှိတဲ့သူမှမဟုတ်တာ

ကျောင်းနဲ့အဆောင်နဲ့က နှစ်မှတ်တိုင်လောက်ပဲခြားသည် ကျောင်းကိုဒီနေ့အစောကြီးထွက်လာမိတာကြောင့် ကျောင်းသွားတဲ့လမ်းမှာလည်း ကျောင်းသားအချို့အပြင် လူအရမ်းရှုပ်မနေ

ကောင်းကင်ပေါ်ကိုမော့ကြည့်မိတော့
မှိုင်းညှို့နေတဲ့ ကောင်းကင်ကြီးနဲ့အတူ တရွေ့ရွေ့သွားနေတဲ့တိမ်စိုင်တွေ

ကျွန်တော်နှင့်သူ ဘယ်သောအခါမှ Where stories live. Discover now