III

169 23 10
                                    

မနက်အစောကြီး ခရီးက‌နေပြန်ထွက်လာတာတောင် သူတို့နေတဲ့တိုက်ခန်းသို့ရောက်တော့
နေ့လည် ၁နာရီခွဲနေပြီဖြစ်သည်

တစ်လမ်းလုံးအိပ်လိုက်လာတဲ့ ဂျယ်မင်းနီးက
သူတို့နေတဲ့တိုက်ခန်း ပြန်ရောက်တာတောင်
မနိုးသေး

ကားစီးရင် ခေါင်းမူးတတ်တဲ့အကျင့်ရှိသူမို့
ဆေးသောက်ခိုင်းထားပြီး အိပ်လိုက်လာခိုင်းတာပင်

သူနဲ့ဂျယ်မင်းနီးက Uni နောက်ဆုံးနှစ်ရောက်မှ ကျောင်းအဆောင်မှာမနေချင်‌တော့တာ‌ကြောင့်
ကျောင်းနဲ့နီးတဲ့ တိုက်ခန်းတစ်ခုမှာ နှစ်ယောက်အတူတူ ငှားနေကြသည်

ကျောင်းအဆောင်မှာလည်းအတူတူတစ်ခန်းထဲနေပြီး ငယ်"လေးကတည်းက ခွဲထားလို့မဖြစ်တဲ့
နှစ်ယောက်မှန်းသိတာမို့ အိမ်ကမိဘတွေကလည်းဘာမှမပြောခဲ့ကြ

သူတို့‌အတူတူနေတာအခုဆို တစ်နှစ်နီးပါးပင်
ပြည့်တော့မယ်

ကားကိုပါကင်တွင်နေရာတကျထိုးပြီးကာမှ
ဘေးကကိုအိပ်ပုတ်ကိုနိုးဖို့ပြင်လိုက်သည်

'ဂျယ်မင်းနီး'

'........'

'ဂျယ်မင်းနီး ထတော့ ရောက်ပြီ အိပ်ချင်ရင် အပေါ်ရောက်မှဆက်အိပ်'

Lover sweat မှာထိုင်နေတဲ့ ဂျယ်မင်းနီးကို ခါးပတ်‌ကြိုးတွေအကုန်ဖြုတ်‌ပေးပြီးမှ လှုပ်ကာနှိုးလိုက်သည်

'ရောက်ပြီလား sorry ဂျန် ငါအများကြီးအိပ်ပျော်သွားတယ်'

'အင်း ခေါင်းတွေဘာတွေမူးနေသေးလား'

'ဟင့်အင်း မမူးဘူး'

'အဲ့ဆိုအပေါ်တက်နှင့်လိုက် အထုတ်တွေကိုယ်သယ်ခဲ့လိုက်မယ်'

'ငါကူသယ်ပေးမယ်လေ'

'ရတယ် ကိုယ့်ဘာသာသယ်ခဲ့လိုက်မယ် ဂျယ်မင်းနီးက အပေါ်တက်ပြီး တံခါးအရင်ဖွင့်ထားလိုက်'

ဆက်ပြောလည်းမရမယ့်အတူတူ ဂျန်ကိုထားကာ သူတို့အခန်းရှိရာအထပ်သို့တက်လာပြီး အခန်းကိုသာအရန်သင့်ဖွင့်ပေးထားလိုက်သည်

ထို့နောက် luggage နှစ်လူံးအားဆွဲကာ ဓာတ်လှေကားထဲမှာ ထွက်‌လာသောသူ
ဓာတ်လှေကားတက်ထား‌လို့သာတော်ကာကျသည် မဟုတ်ရင် ဒီအထုတ်တွေဆွဲပြီးတက်ရတာနဲ့ လမ်းတစ်ဝက်တင် အမောစို့ပြီး အသက်ထွက်မည့်ကိန်း

ကျွန်တော်နှင့်သူ ဘယ်သောအခါမှ Where stories live. Discover now