တိတ်ဆိတ်နေသောအခန်းအတွင်းတွင်
ဇွန်း ခရင်း အသံကလွဲလို့
မည်သည့်အသံမှ မကြားရ
ရှိနေသောလူနှစ်ယောက်သည်လည်း
စားပွဲအစွန်းနှစ်ဖက်တွင်ထိုင်ကာ ဘာအသံမှမဆိုဘဲစားနေသောအစားကိုသာအာရုံစိုက်ထားပုံရသည်သူနှင့်ဂျန် နေ့လည်ပိုင်းပင်လယ်ကနေပြန်လာကတည်းက စကားမပြောဖြစ်ကြသေးပါ
အခန်းပြန်ရောက်ကတည်းက ဂျန်လည်း တစ်ချိန်လုံးအပြင်မှာဖုန်းထိုင်ပြောနေပြီး
သူလည်း ဘာမှအာရုံမထားမိအောင်
ဂိမ်းထဲပဲစိတ်နှစ်ထားမိသည်ညထမင်းစားချိန်မှသာ အပြင်မှာလူအများကြီးနှငိ့တူတူစားရတာမကြိုက်သောသူတို့နှစ်ယောက်ကြောင့် ညစာကိုအခန်းထဲတွင် မှာစားပြီး လာပို့မှသာ တူတူထိုင်စားဖြစ်ခြင်း
ဂျန်နဲ့စကားမပြောဖို့ဆိုတာ သူ့အတွက်
အမှန်ခက်ခဲတဲ့အရာဆိုပေမယ့်
အခုချိန်မှာ သူ့စိတ်ထဲတစ်ယောက်တည်းအေး"ဆေး"နေချင်နေသည်မို့ သူ့ဘက်ကဘာစကားမှစမပြောမိသူစကားမပြောမချင်း
ဂျန့်ဘက်ကလည်း သူ့ကိုစကားတစ်ခွန်းတောင်စမပြောလာခဲ့ပါဂျန်နေနိုင်တာကိုသိပေမယ့်လည်း
သူ့စိတ်ထဲဝမ်းနည်းမိတာအမှန်ပင်'ကောင်လေး'
ရုတ်တရက် ထမင်းကိုငုံ့စားနေရင်းမှ
ဂျန်ဘက်က ပထမဆုံးထွက်လာတဲ့စကားတစ်ခွန်းစားနေတဲ့ဇွန်းကိုချကာ ပြူးကြောင်"လေးဖြစ်ကာ ဂျန်ကိုမော့ကြည့်မိတယ်
'မင်းက ကိုယ့်ကောင်လေးလို့'
'ဟင်'
'မင်းဘဲ ညနေကမေးတယ်မလား မင်းကကိုယ့်အတွက်ဘာလဲဆိုပြီး မင်းကကိုယ့်ကောင်လေး'
ဂျန့်ဘက်ကစကားတွေပြောပြီးသည့်တိုင်အောင်
ကျနော့်ဘက်က ဘာစကားမှမပြောမိ
ကျနော်က သူ့ကောင်လေးတဲ့လေ
အီဂျန်နိုက လူကိုတကယ်ရူးအောင်လုပ်နေတာပဲ'သိချင်တာသိရပြီဆို စိတ်ကောက်ပြေပြီး
ကိုယ့်ကိုစကားမပြောဘဲ မနေနဲ့တော့''ဂျန်ကိုငါ စိတ်ကောက်နေပါတယ်လို့ မပြောမိပါဘူး'
'ဂျယ်မင်းနီးကမှ ကိုယ့်ကိုစကားမပြောတာ'

YOU ARE READING
ကျွန်တော်နှင့်သူ ဘယ်သောအခါမှ
Fanfiction"လမ်းခွဲရအောင်" "ငါမင်းကိုချစ်နေသေးပေမယ့် လမ်းခွဲရအောင်" "မင်းကိုလိုအပ်နေသေးပေမယ့် ဆက်ဆွဲမထားချင်တော့ဘူး" "အပျော်နဲ့အရှုံးဒွန့်တွဲနေတာကြီးကို တကယ်မုန်းနေပြီမလို့ ငါတို့လမ်းခွဲကြမယ် ဂျန်"