V

162 22 10
                                    

ဝဲတက်လာတဲ့မျက်ရည်စတွေကိုအတတ်နိုင်ဆုံးပြန်ထိန်းကာ ဟယ်ချန်းလက်ကိုဆွဲလို့ သူတို့မေဂျာဆောင်စီတည့်တည့်လျှောက်လာလိုက်သည်

အခန်းဝင်ပေါက်ရဲ့မလှမ်းမကမ်းမှာရပ်နေတဲ့ ထိုသူနှစိယောက်ကို မမြင်ချင်ယောင်ဆောင်ကာ အခန်းထဲဝင်မည်အပြု

'ဂျယ်မင်းရှီး မတွေ့ရတာတောင်ကြာပြီနော်'

စကားမပြောချင်လို့မှ တမင်မမြင်ချင်ယောင်ဆောင်နေပါတယ်ဆို သူ့ရှေ့ကိုလျှောက်လာပြီး
သူနာမည်ကိုတိုက်ရိုက်ခေါ်လာတဲ့သူကြောင့် ဘယ်လိုမှမသိချင်ယောင်ဆောင်လို့မဖြစ်

ခေါ်သူဘက်သို့လှည့်ကာ အပြုံးမမည်သောအပြုံးတစ်ခုပြုံးပြလိုက်သည်

'ဟုတ်ကဲ့ မတွေ့ရတာကြာတော့ မှတ်တောင်မမှတ်မိချင်တော့ဘူး'

'ရှင်'

စိတ်ထဲရှိတဲ့အတိုင်း ပါးစပ်ကလွှတ်ခနဲထွက်သွားမိတာပင် အမှန်တကယ်လည်း ထိုအမျိုးသမီးကို သူစိတ်ကော အသိဉာဏ်ကောထဲက လုံးဝမေ့ပြစ်ချင်တယ်

ကျနော့်အဖြေစကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားတဲ့ သူမကို ပြုံးကာကြည့်နေလိုက်သည်

'အော် ဒါနဲ့ ကျွန်မနဲ့ကို ရန်ဖြစ်ထားတဲ့အတောအတွင်း ကို ကိုဂရုစိုက်ပေးလို့ ကျွန်မက ဂျယ်မင်းရှီးကို ကျေးဇူးတင်ပါတယ်'

ကျနော့်မျက်လုံးကိုတည့်တည့်စိုက်ကြည့်က ပြောလာတဲ့သူမရဲ့မျက်နှာမှာ လှောင်ရိပ်ပြုံးများထင်ဟပ်လို့

ရန်ဖြစ်ထားတဲ့အတောအတွင်းဆိုတော့ အခုအခြေအနေက

ဂျောင်ယူဂျင်းကိုကြည်နေရာကအကြည့်တွေကိုလွှဲကာ ဂျဲနိုဆီဦးတည်မိတော့ ကျနော့်ကိုပြန်ကြည့်လာတဲ့မျက်ဝန်းတွေမှာ အရည်ကြည်တွေဝိုင်းနေတယ်

မဟုတ်မှ ငါ့ကိုသနားနေတာမဟုတ်ဘူးမလား

'ကျေးဇူးတင်ဖို့မလိုပါဘူး ဂျဲနိုနဲ့က ယူဂျင်းရှီးနဲ့မတွေ့ခင်ကတည်းက ကျနော်နဲ့လက်ပွန်းတတီးနေလာခဲ့တာ နောက်ပြီး ကျနော်က ဂျဲနိုကိုမှဂရုစိုက်တယ်ထင်မနေပါနဲ့ ကျနော့်ကအဲ့လိုပဲသနားစရာကောင်းတဲ့ကလေးတွေဆို အမြဲဂရုစိုက်ပေးနေကြ'

ကျွန်တော်နှင့်သူ ဘယ်သောအခါမှ Where stories live. Discover now