Unicode
ဆေးသောက်ထားတဲ့အရှိန်ကြောင့် တစ်နာရီကျော်လောက်အိပ်ပျော်သွားပြီးတဲ့နောက်မှာ ဂျယ်မင်းအိပ်ယာကနေနိုးလာသည်
ဆေးသောက်ထားတာကြောင့် ခေါင်းကခုနကလိုအုံခဲမနေဘဲ ဒီတိုင်းနောက်တောက်တောက်သာကျန်ခဲ့သည် ညောင်းကိုက်တာကတော့အခုထိရှိတုန်းပင်
အခန်းထဲမျက်လုံးဝေ့ကာဂျယ်နိုကိုရှာလိုက်တော့ ဂျယ်နိုနဲ့တူတဲ့အရိပ်အယောင်တစ်ခုမှမတွေ့
အခန်းပြင်မှာများလား
အိပ်ယာကနေ ထလိုက်ကာ ကုတင်ကနေဆင်းမယ်အလုပ်မှာ ကုတင်ဘေးနားက မီးအိမ်လေးပေါ်မှာကပ်ထားတာ မိုးပြာရောင်လေးစာရွက်လေး
ကပ်ထားတဲ့စာရွက်လေးကိုဆွဲယူလိုက်သည်
'ဂျယ်မင်းနီး ကိုယ်သွားစရာတစ်ခုရှိလို့ ညကျပြန်လာနိုင်ရင် ပြန်လာခဲ့မယ် ကိုယ်ဟယ်ချန်းကိုခေါ်ပေးထားတယ် ခနနေလောက်ဆို သူရောက်လိမ့်မယ်နော်'
လက်ရေးသော့သော့နဲ့ရေးထားတဲ့စာရွက်လေးကိုကြည့်ပြီးသက်ပျင်းခပ်ဖွဖွချမိတယ်
နေမကောင်းတဲ့အချိန်လေးတော့ငါ့ကိုအချိန်ပေးသင့်တာကို
ဂျယ်မင်းခပ်ကြောင်ကြောင်အတွေးတွေ တွေးလိုက်ပြီးမှ ကိုယ့်ဟာကို ခေါင်းကိုယမ်းကာ ပြန်ထုတ်မိတယ်
အချိန်ပေးရအောင် ငါနဲ့ကသူငယ်ချင်းအဆင့်ထက်မပိုတာကို သူ့ကောင်မလေးသူပဲအချိန်ပေးမှပေါ့ နာဂျယ်မင်းရူးလိုက်တာ
ထိုစာရွက်မိုးပြာရောင်လေးကိုလုံးချေကာ အခန်းထောင့်မှာရှိတဲ့အမှိုက်ပုံးထဲကိုနွန့်ပစ်လိုက်သည်
ညောင်းကိုက်နေတဲ့ကိုယ်ကိုအလုပ်ပေးကာ အခန်းပ့င်ကိုထွက်ခဲ့လိုက်တော့ တိုက်ဆိုင်စွာပဲ အိမ်ထဲဝင်လာတဲ့ဟယ်ချန်းနဲ့တည့်တည့်တိုးတယ်
ဟယ်ချန်းကသူ့ပုံစံကိုမြင်တော့မျက်မှောင်ကြီးကြုတ်ကြည့်ကာ ဘာမှတော့မပြောဘဲသူဝယ်လာတဲ့မုန့်ထုတ်တွေကိုမီးဖိုချောင်ဘက်မှာသွားထားပြီး မုန့်တွေကိုနေရာချတယ်

YOU ARE READING
ကျွန်တော်နှင့်သူ ဘယ်သောအခါမှ
أدب الهواة"လမ်းခွဲရအောင်" "ငါမင်းကိုချစ်နေသေးပေမယ့် လမ်းခွဲရအောင်" "မင်းကိုလိုအပ်နေသေးပေမယ့် ဆက်ဆွဲမထားချင်တော့ဘူး" "အပျော်နဲ့အရှုံးဒွန့်တွဲနေတာကြီးကို တကယ်မုန်းနေပြီမလို့ ငါတို့လမ်းခွဲကြမယ် ဂျန်"