YEIM 3 🍂 (Unicode)

72 16 1
                                    

ပွမ် ပွမ် ပွမ်

ကားသံကြားသည်နှင့် ရွာပိုင်မင်း ဦးသာလှခြံရှေ့သို့လှမ်းကြည့်လိုက်တော့ စတင်းဒတ်ကားလေး တစ်စီးဝင်လာသည်ကိုမြင်လိုက်ရသည်။

"ဟော! မြို့အုပ်မင်းတို့ လာကြပြီထင်တယ်"

ဦးသာလှခြံရှေ့သို့ သွားကာ မြို့အုပ်မင်းကို သွားကြိုဆိုလိုက်ပြီး အိမ်ထဲသို့ထိုင်ကြရန်ပြောလိုက်သည်။

"မြို့အုပ်မင်းတို့ရောက်လာကြပြီလားဗျ
ကြွပါ ကြွပါ အိမ်ထဲကို ဟေ့! ငကျွဲ ! ငကျွဲရေ
အုပ်မင်းတို့အိတ်တွေ လာသယ်စမ်း"

ဦးသာလှ သူပြောတာကို ခေါင်းတစ်ချက်သာငြိမ့်ပြပြီး စကားပြန်မလာတဲ့အုပ်မင်းကြောင့် အနည်းငယ် ရှိန်မိသည်။မိမိထက်အသက်သာငယ်ပေမယ့် ရာထူးနှင့် သြဇာက မငယ်တာမို့ လေးစားထိတ်လန့်မိ၏။

"ကျုပ် အုပ်မင်းတို့နေဖို့တွက်​
အိမ်တစ်လုံးပြင်ဆင်ထားပေးပါတယ်ဗျ"

"အရမ်းကြီးကြီးကျယ်ကျယ်ကြီးပြင်ဆင်ဖို့
မလိုပါဘူး နေရထိုင်ရအဆင်ပြေရင် ရပါပြီ"

"အ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ အုပ်မင်းရဲ့
ကိုယ့်ရွာကို လာတဲ့ သူကို
ကောင်းကောင်းလေးဧည့်ခံရမှာပေါ့ဗျာ"

ဦးမြစောဟန်လည်း ခေါင်းသာညိမ့်ပြလိုက်သည်။

"ဒါနဲ့ ဘာသတင်းရသေးလဲ ဦးသာလှ"

ဦးမြစောဟန်မေးလိုက်တော့ သူကြီးက သူ့ဘေးပတ်ပတ်လည်ကလူရိပ်ခြေကိုကြည့်ကာ အသံတိုးတိုးဖြင့်

"ဟိုတစ်လောကတော့ ရွာထိပ်မှာ
ပစ္စည်းအနည်းငယ်တွေ့တယ်ဗျ"

"အခြားဘယ်သူတွေ သိသေးလဲ ဒီကိစ္စကို"

"ရွာသားတွေမသိအောင်
ကျုပ်သတင်းပေးလိုက်တာမို့
ဘယ်သူမှမသိကြပါဘူး"

"ဟုတ်ပါပြီ သတင်းထူးရင် ကျွန်တော့်ကို
ချက်ချင်း အကြောင်းကြားပေးပါ အခုတော့
နားရမယ့်အိမ်လိုက်ပြပေးလို့ရမလား"

"ဟုတ်တာပေါ့ဗျ အုပ်မင်းလည်း ပန်းလာမှာပေါ့
လာဗျာ ကျုပ်နောက်ကလိုက်ခဲ့"

မြစောဟန်တစ်ယောက် သူကြီးဦးသာလှနောက်လိုက်သွားလိုက်လေသည်။နောက်မကြာ ​ခြံကြီးတစ်ခြံရှေ့သို့ဝင်သွားသည်။ခြံကအတော်ကျယ်သည့်အပြင်ခြံထဲ၌ သစ်ပင်ပန်းမန်များအလွန်များတာကြောင့် အရိပ်အတော်ရသည်။ပန်းပင်များပေမယ့် ခရေပင်များက ပိုများသလိုပင်။နောက်ကျွန်းသားနဲ့ဆောက်ထားပြီး ရေနံချေးဝအောင်သုတ်ထားတဲ့နှစ်ထပ်အိမ်ကြီးတစ်လုံးနဲ့အိမ်နောက်ဘေးနားလေးမှာကျ ထရံအိမ်ငယ်လေးတစ်လုံးကိုတွေ့လိုက်ရသည်။

𝑌𝑒𝑖𝑚(ယိမ်း) {ongoing} (ခတ္တရပ်နား)Where stories live. Discover now