၁၇နှစ်ကြာပြီနောက်
"နွဲ့မေ သမီး လာပါအုန်း အမေ့ဆီကို"
"ရှင် မေမေ ယိမ်းလာပြီ"
နောက်ဖေးထမင်းချက်ခန်းမှ ထွက်သော အမျိုးသမီးငယ်လေးဟာ အလွန်ကျက်သရေရှိလှ၏။။ပါးဖောင်းဖောင်းလေးနှစ်ဖက်မှာ သနပ်ခါးပါးကွက်လေး လိမ်းထားပြီး တင်ပါးလောက်ရှိတဲ့ ဆံနွယ်ရှည်တွေကို နှစ်ဖက်ခွဲပြီး ဖွတ်မြှီးကျစ်ထားသည်မှာ မြင်သူတိုင်းရင်ကိုအေးချမ်းမှုပေးသည်။ဖျင်ပင်နီ အင်္ကျီဝမ်းဆက်လေးဝတ်ထားတာကြောင့် ပိန်ပါးလှပြီးနံ့သာရောင်ဝင်းနေတဲ့အသားရည်လေးနဲ့ သိပ်ကို ပနှံသင့်လှးးူသည်။
"မေမေ"
"သမီး အမေ ရွာဦးကျောင်းကို ကြီးတော်စိန်နဲ့ သွားမို့
အ့တာ ရှေ့မှာဆိုင်စောင့်နေအုန်း""ဟုတ် မေမေ ယိမ်း စောင့်လိုက်ပါမယ်
ဒါနဲ့ ကိစ္စရှိလို့လားဟင်""ဘဘုန်းကြီးက ခေါ်နေလို့ကွယ့်
မနေ့ဖန် အုပ်မင်းအသစ်ရောက်မယ်
ကြားတာဘဲကွယ်""အော်"
"ဟေ့! လှမူ ပြီးပလားအေ သွားကြရအောင်
တို့တွေနောက်ကျနေမယ်အေ့""လာပါပြီတော် ကြီးတော်စိန်ကလည်း
ကျုပ်ဖြင့်ပြီးတာကြာပေါ့"ခြံရှေ့က ကြီးတော်စိန်လှမ်းအော်ခေါ်တာမို့ မေမေက ပြန်ပြောရင်း ယိမ်းဘက်လှည့်လာကာ ပြောလာပြန်သည်။
"အော် ခဏနေ မိအေး လောင်စာဖိုးလာယူလိမ့်မယ်
အဲ့ကျ ပေးလိုက်ကွယ် သေချာဂရုစိုက်နော်
တစ်ခုခုဆို ဘေးက ဘကြီးပုကိုပြော ကြားလား ကဲ အမေ သွားပြီ""ဟုတ် မေမေ ယိမ်းဂရုစိုက်လိုက်ပါ့မယ်
မေမေလည်း ဂရုစိုက်သွားပါအုန်း"ဒေါ်လှရီ သမီးငယ်အားခေါင်းငြိမ့်ပြုံးပြကာ ကြီးတော်စိန်တို့ဆီထွက်လာလိုက်သည်။သမီးငယ်လေးသည် ကောင်းမွန်စွာ ကြီးပြင်းလာသည်နှင့်အမျှ လှသွေးလည်းကြွယ်လာသည်။သူငယ်တစ်ဦးလို့ပြောရင်တောင် ယုံမည့်သူရှိလိမ့်မည်မဟုတ်။ဒါကြောင့် သူမ စိတ်မချရသည်မှာလည်း ပို၍များလာရသည်။
YOU ARE READING
𝑌𝑒𝑖𝑚(ယိမ်း) {ongoing} (ခတ္တရပ်နား)
Romanceဦးမြစောဟန် (Mya Saw Hann) ယိမ်းနွဲ့မေ(Yeim Nwae May) ယိမ်းသာမိန်းမသားတစ်ယောက်ဖြစ်ခဲ့ရင်...... #cover photo crd from pinterest