ဒေါက် ဒေါက် ဒေါက်
"အာစိရေ အာစိ"
အခန်းရှေ့ကတံခါးခေါက်သံကြောင့် ဦးမြစောဟန်တစ်ယောက် အိပ်နေရာမှနိုးလာရသည်။သူခနနားပြီးအိပ်လိုက်တာ အခုနေမင်းကြီးတောင်ဝင်တော့မည်။သူလည်း အချိန်ဆွဲမနေတော့ဘဲ မျက်နှာသစ်ကိုယ်လက်သန့်စင်ရန် ထွက်ခဲ့လိုက်တော့သည်။
"ပြော ဖိုးအောင်"
"ဟို အာစိ အရမ်းမှောင်နေပြီမို့ လာနှိုးတာပါ
နောက်ပြီး သူကြီးဦးသာလှတို့အိမ်က
ညနေထမင်းစားဖိတ်ထားပါတယ်""အင်း ငါကိုယ်လက်သန့်စင်ပြီးမှ သွားမယ်"
"ဟုတ်ကဲ့ အာစိ ရေချိုးဖို့က
အိမ်နောက်ဖေးမှာ ရေကန်လေးတစ်ခုရှိပါတယ် ကျွန်တော် အကုန်လုပ်ထားပြီးပါပြီ""အင်း"
အောက်ထပ်ဆင်းသွားတဲ့ ဖိုးအောင်နှင့်အတူသူပါ ကိုယ်လက်သန့်စင်ဖို့ လိုက်ဆင်းလိုက်၏။ဖိုးအောင်ပြောတဲ့အိမ်နောက်ဖေးကိုသွားလိုက်တော့ သူအလာတုန်းကတွေ့ခဲ့တဲ့ ထရံအိမ်လေးဟာ မီးဖိုချောင်ပင်။အင်း ဒီနေ့တော့ သူကြီးဦးသာလှအိမ်မှာ ထမင်းသွားစားရမှာဆိုတော့ အဆင်ပြေသွား၏။မဟုတ်ရင်လည်းသူတို့ ထမင်းဆိုင်မှာသွားစားမလို့ပင်။ဘာလို့ဆို သူ့အလုပ်သမားများကမနေ့ဖန်မှ ရောက်မှာဖြစ်တာကြောင့်ပင်။
ဦးမြစောဟန်တစ်ယောက် ကိုယ်လက်မျက်နှာဆေးကြောရန်လုပ်ပေမယ့် လူကကားအကြာကြီးစီးလာရတဲ့အပြင် အိပ်ထားတာကြောင့် နုံးနေတာနဲ့ဘဲ လန်းဆန်းသွားအောင်ရေတစ်ခါတည်းချိုးလိုက်သည်။ရေချိုးပြီးတာနဲ့ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး သူကြီးဦးသာလှတို့အိမ်ကို ထွက်လာလိုက်တော့သည်။
~~~~~~~~~~~~~~~~~
"ဟော အုပ်မင်းတို့ လာကြပြီ
ရှင်မရေ ထမင်းပွဲပြင်ထားပြီးပလားဟေ့!"ဦးသာလှတစ်ယောက်ခြံထဲ ဝင်လာကြတဲ့ အုပ်မင်းတို့ဆရာတပည့်နှစ်ယောက်ကို မြင်တာနှင့် အိမ်နောက် ဖေးမှာ ထမင်းပွဲပြင်ဆင်နေသည့် ဇနီးသည်ကို မေးမိသည်။
"ပြီးပါပြီတော် ပြီးတာဖြင့်ကြာလှပေါ့ ကိုသာလှရယ်"
ဒေါ်ရီတင့်တစ်ယောက် အိမ်နောက်ဖေးကနေ ကြက်သားကာလသားချက်ပန်းကန်ကို ကိုင်ရင်းထွက်လာကာ အိမ်ရှေ့ကွပ်ပျစ်မှာ ခင်းထားတဲ့စားပွဲခုံလေးပေါ်သို့ တင်လိုက်လေသည်။
YOU ARE READING
𝑌𝑒𝑖𝑚(ယိမ်း) {ongoing} (ခတ္တရပ်နား)
Romanceဦးမြစောဟန် (Mya Saw Hann) ယိမ်းနွဲ့မေ(Yeim Nwae May) ယိမ်းသာမိန်းမသားတစ်ယောက်ဖြစ်ခဲ့ရင်...... #cover photo crd from pinterest