YEIM 1 🍂 (Unicode)

127 20 0
                                    

"ကြီးတော်လှ ကြားပြီးပြီလားတော့်"

အေးချမ်းသာရွာအပြင်ရှိ ချောင်းကမ်းစပ်တစ်ခု၌
မိန်းမကြီးတစ်ဦးနဲ့မိန်းမပျိုတစ်ဦးဟာ အဝတ်ဖွတ်နေကြသည်။မိန်းမပျိုပြောလာသောစကားအား မိန်းမကြီးက နားမလည်ဟန်ဖြင့် ပြန်မေးလာသည်။

"ဘာကိုတုန်း မိအေရဲ့"

"အိုတော် မြို့တော်မှာ ခုနောက်ပိုင်း မျက်နှာဖြူတွေ
တော်တော်ဆိုးလာကြတယ်တဲ့လေ"

"သူတို့က အရင်ထဲက အ့လိုဘဲလေဟယ်
ဆိုးသထက် ဆိုးလာကြတာဘဲ မဟုတ်ဘူးလားအေ့"

မိအေးပြောလာသည်ကို ဒေါ်လှမူပြန်ပြောမိသည်။မျက်နှာဖြူတွေဆိုတာ သူတို့နိုင်ငံကို သိမ်းပြီးထဲက ရမ်းကားချင်တိုင်း ရမ်းကားနေတဲ့နယ်ချဲ့တွေဖြစ်သည်။သူမရဲ့လင်ယောကျ်ားဟာလဲ မျက်နှာဖြူတော်လှန်ရေးသမားပင်။သို့သော် ကံအကြောင်းမလှစွာဖြင့် တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့သည်။

"ကြီးတော်လှမူရယ် အခုက အရင်လိုမဟုတ်ဘူးတော့်
မြို့တော်က ချော့ပေ့ လှပေ့ဆိုတဲ့အပျိုတွေတင်မဟုတ်ဘဲ ကာလသားလူပျိုတွေကိုပါ
ဆွဲယူနေကြတာတဲ့"

သူမအတွေးနယ်ကျွံနေတုန်း မိအေးပြောလာသောစကားကြောင့် သူမအလွန်လန့်မိသည်။

"အိုတော် ဟုတ်ရောဟုတ်ရဲ့လားအေ့
နားရှိလို့သာ ကြားရတယ်"

"ဟုတ်တယ် ကြီးတော်လှရဲ့အဲဒါကြောင့်
မနေ့က ကျုပ်တို့ ရွာပိုင်မင်းရဲ့သား
ကိုတိုးမောင်ကြီးတောင် မြို့တော်မှာ
အလုပ်မလုပ်တော့ဘဲပြန်လာတယ်တော့်"

"ဘုရားရေ ခေတ်ကြီးက ပျက်နေပြီဘဲအေ
ကဲကဲ မြန်မြန်လျှော် မဟုတ်လို့ အမှောင်ကျလာရင်
ကျုပ်ကအိုနေလို့ ဘာမှမဖြစ်ပေမယ့်
ညဥ်းကအပျို မျက်နှာဖြူတွေနဲ့တွေ့နေရင်
အဆွဲခံရမယ်အေ့"

"ကျုပ်က ပြီးပြီရယ် ကြီးတော်လှကို စောင့်နေတာ"

"အို စောင့်မနေနဲ့တော့ ညဥ်းအဘ စိတ်ပူနေရစ်မယ်
ကျုပ်အိမ်က ဒီနားတင် ပြန်နှင့်ပြန်နှင့်
အမှောင်ကျမစိုးလို့ဟုတ်ပလား "

𝑌𝑒𝑖𝑚(ယိမ်း) {ongoing} (ခတ္တရပ်နား)Where stories live. Discover now