[Zawgyi]
"ဟေး အချစ်လေး"
နေပူထဲမှာ စက်ဘီးနင်းရတာ မောနေပါတယ်ဆို
မနှစ်မြိုစရာ အသံကြောင့် သူ စိတ်ရှုပ်ထွေးသွားသည်။
ထို့ကြောင့် ခြေထောက်ကို အရှိန်တင်လိုက်တော့လည်း
ထိုကားက သူ့အနား ရစ်သီရစ်သီထပ်လုပ်နေဆဲပဲ။"ဂျောင်ဟိုဆော့ ငါ့အသည်းလေး"
ဟမ်! ။
သူ စက်ဘီးနင်းနေရင်းမှ ကားဆီ စောင်းကြည့်မိသည်။
ဒီအသံ ကြားဖူးတယ် လို့ထင်မိတာ မမှား။
ကားပိုင်ရှင်က ကင်မ်နမ်ဂျွန်းဖြစ်နေတာကိုး။"ဘာတွေ လာအောနေတာလဲ...ငါအိမ်ထောင်ကျသွားပြီကွ"
နမ်ဂျွန်းက ကားကို ရပ်ပြီး
သူ့ကို ခဏရပ်ဖို့ အမူအရာဖြင့် ပြောတော့
သူလည်း စက်ဘီးပေါ်က ဆင်းလိုက်သည်။"ဘာပြောမလို့လဲ"
"ဟိုရှေ့က အသားကင်ဆိုင်တွေ့လား...အဲမှာ တွေ့ရအောင်"
"ငါမအားဘူး"
"မင်း အလုပ်ရှာနေတာမလား...ငါ အလုပ်ပေးမလို့"
နမ်ဂျွန်းက ယုံကြည်ချက်ရှိစွာ ပြောပြီးတာနဲ့ ကားမောင်းထွက်သွားသည်။ သို့သော် အဆင်မပြေနိုင်ဘူးဆိုတာ သူသိသည်။
နမ်ဂျွန်းပေးတဲ့ အလုပ်က ဘာအလုပ်မှန်းမသိပေမယ့်
နမ်ဂျွန်း Appa နဲ့ သူ့ Appa က မိတ်ဆွေတွေ။
အချိန်တန်ရင် သူ အလုပ်ပြုတ်ဦးမှာပဲ။
ဒါပေမယ့် ။ သူ ကြိုးစားကြည့်ချင်တယ်။
အလုပ်ပြုတ်တော့လည်း ပြုတ်ပေါ့။
စက်ဘီးပေါ်တက်ပြီး သူ ဆုံးဖြတ်လိုက်သည်။အသားကင်ဆိုင်ထဲ ဝင်တော့ နမ်ဂျွန်းက မှာပြီးလို့ စားတောင်စားနေပြီ။
"ထိုင်လေ...အရင်စားလိုက်ဦး"
သူ ထိုင်ပြီး နမ်ဂျွန်းကိုပဲ ကြည့်လိုက်သည်။
"ဘာအလုပ်လဲ မြန်မြန်ပြော...ငါ အိမ်ပြန်ရဦးမယ်"
"၁၁တောင် ထိုးနေပြီလေ..အခုမှ .အိမ်ပြန်ထမင်းစားဖို့လား"
"ကိုနဲ့အတူစားဖို့ ပြောထားပြီးသားပါ"
"ထယ်ယောင်းက အိမ်မှာလား"
"မဟုတ်ဘူး...ကိုလည်း ငါ့လို အလုပ်ရှာနေတာပေါ့"
ကိုနဲ့ Appa ပြဿနာဖြစ်ပြီးနောက်
ကိုက အတူတူအလုပ်ရှာတာထက် ကို မပါရင်
သူ အလုပ်ကောင်းကောင်းရမှာ ဆိုပြီး ကိုက တစ်နေရာ၊ သူ့တစ်ယောက်တည်း တစ်နေရာ အလုပ်ရှာခိုင်းသည်။ သူ သဘောမတူချင်သော်လည်း သူသာ အလုပ်ရရင် ကို နည်းနည်းစိတ်အေးသွားကောင်းရဲ့ လို့
တွေးမိတော့ အခုလို တစ်ယောက်တည်း ထွက်လာတာပဲ။
တကယ်တော့ အခုလို ထွက်လာမှပဲ Appa က
ကို မှမဟုတ်ဘူး၊ သူ့ကိုလည်း
ပစ်ပယ်ထားသည်ကို ရင်နာနာနဲ့ သိရတော့၏။
