Just a spirit

2.2K 127 7
                                    


ကျွန်တော်ဟာ လိပ်ပြာ တစ်ကောင်ပါ

အဲဟို အတောင်ပံ နှစ်ဖက်နဲ့ တဖျတ်ဖျတ်ပျံတတ်တဲ့
လိပ်ပြာတော့ မဟုတ်ပါဘူး
ဝိညာဉ် လိပ်ပြာ လေးပါ

ကျွန်တော် က ခုမှ လိပ်ပြာ လောကကို ရောက်လာတယ် ဆိုပါတော့

ဘယ်က ဘယ်လို ရောက်လာတယ်ဆိုတာတော့
ကျွန်တော် မသိပါဘူး
အရင်ဘဝ ကိုလဲ မသိဘူး
နောက် ဘဝ ကိုလဲ မသိဘူး

ခုလောလောဆယ် 'လိပ်ပြာ' ဆိုတာရယ်
ကျွန်တော့ နာမည်က Kise Ryouta ဆိုတာရယ်က လွဲရင် ဘာမှ မသိပါဘူး

' ဂွီ '

ဟင် ဘာသံကြီးတုန်းး

ဗိုက်ထဲက အောင့်တောင့်တောင့်ရှိလာမှ ဒါဟာ ကျွန်တော့် ဗိုက်က မြည်တဲ့ အသံမှန်းသိတော့တယ်

'ဘယ်လို ကြီးပါလိမ့်
ဝိညာဉ် ဆိုတာ ဘာမှ စားစရာ မလိုဘူး မှတ်နေတာ'

' အဲ့ဒါဆို မင်း ငတ်ပြီး သေမှာပဲ '

ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် ကျွန်တော် လန့်တန့်တန့် ဖြစ်သွားတယ်

လှည့်ကြည့်လိုက်တော့

ခေါင်းစိမ်းနဲ့ လိပ်ပြာ
မျက်နှာက ခပ်တင်းတင်း
မျက်မှန်အောက်က မျက်လုံးတွေက မတူသလို မတန်သလို အကြည့်နဲ့

' ဒီမှာ ခင်ဗျားက ဘယ်သူလဲ '

ခေါင်းစိမ်းက မျက်နှာကြောကို ပိုတင်းလိုက်ရင်း

' ဘယ်သူတွေ ဘာတွေ လာမေးမနေနဲ့
ငါက စီနီယာ ရိုရိုသေသေ ဆက်ဆံ
ကိုယ့်နောက်မှ လိပ်ပြာလောကကို ရောက်လာတဲ့
ငတုံးကောင် တွေကို
လိုအပ်တာတွေ ပြောပြဖို့က
ငါ့တာဝန်ပဲ
မတတ်သာလို့ လုပ်နေရတာ '

ဟွန်းး ဘယ်လိုလူကြီးတုန်း
အံ့ပါ့ အပေါက်ဆိုးပုံက ကမ်းကုန် ရောပဲ

ကျွန်တော်လဲ အမြင်ကတ်ကတ်နဲ့ မျက်နှာကို မဲ့ နှုတ်ခမ်းကို စူ ထားလိုက်တယ်

ကိုခေါင်းစိမ်းက မျက်မှန်ကို ပင့်ရင်း

'သေချာနားထောင်
မင်းဟာ လိပ်ပြာမို့ ဗိုက်မဆာဘူး မထင်နဲ့
လိပ်ပြာလဲ လူတွေ လုပ်တဲ့ အရာတွေ အကုန်လုပ်ရတယ်
စားတာ အိပ်တာ အားလုံးပဲ
မင်းနောက်ဘဝကို မကူးမချင်းပေါ့
နောက်ပြီး လူတွေလို ဝယ်စားလို့ မရဘူး
ပူးစားရမယ် '

'ပူး...ပူး စားရမယ်
ဘယ်လို ပူးး.........'

' ဟိတ်ကောင်
ဟိုဟိုဒီဒီ
တောင်တောင်အီအီ တွေ
လျှောက်မတွေးနဲ့
မင်း မကြားဖူးဘူးလား
ဝိညာဉ် ပူးတာတွေ ဘာတွေ
အဲ့လို ပူး တာကို ပြောတာ
ဒါမှ မင်းဗိုက်ဝမယ်
နောက်ပြီး မင်းလူတိုင်းကို
ကိုယ်ထင်ပြ လို့လဲ မဖြစ်ဘူးနော်
အကုန်လန့်သေကုန်မယ် ......

'လန့်သေစရာလား
ကျွန်တော့် ရူပါကိုလဲ ကြည့်......'

စကားတောင်ဆုံးအောင် မပြောရသေးဘူး
ငနဲ က ကျွန်တော့်ကို မျက်စောင်းထိုးတယ်

'မဆိုင်တာ ဝင်မပြောနဲ့
မင်းအမြဲ
ကိုယ်ရောင်ဖျောက်ထား
လူတွေက မင်းကိုယ်ဖျောက်မထားရင်
မင်းကို မြင်နိုင်တယ်
ထိနိုင်တယ်
လူလောက် ပုံ သဏ္ဌာန် မထင်ရှားပေမယ့်
မင်းကို မြင်ရတယ်
မင်း ပူးတဲ့နေရာမှာလဲ
လူတိုင်းကို ဝင်ပူးလို့ မရဘူး
လိပ်ပြာငယ်တဲ့ သူတွေကိုပဲ
ရှာပူးရမှာ
နို့မို့ရင် မင်းပဲ ပူလောင်ရမယ်
လူတွေကို အကြာကြီးလဲ ပူးလို့ မဖြစ်ဘူးနော်
သူတို့ သေသွားနိုင်တယ်
မင်းလိုအင် တစ်ခု အတွက်နဲ့
သူများ အသက်တော့ မသေစေနဲ့ပေါ့ကွာ'

' ကျွန်တော်က ကြင်နာတတ်ပါတယ်
ကိုခေါင်းစိမ်း ရဲ့......'

' ဘာ ငါ့နာမည် ကိုခေါင်းစိမ်း မဟုတ်ဘူး
Midorima Shin............

' Shin chan Shin chan '

Midorima ဆိုတဲ့လူ မျက်နှာကြီး ရဲ သွားတယ်
Shin chan တဲ့
ဆံပင်နက်နက်နဲ့ လူတစ်ယောက်က
သူ့ကို Shin chan တဲ့

' ဟိ'

' Takao ဘာ ကိစ္စလဲ
မင်းကို ဒီလို မခေါ်ဖို့ ဘယ်နှစ်ခါ ပြောရမလဲ '

Takao ဆိုတဲ့ ကောင်လေးက သူ့ Shin chan လက်ကို ဖက်လိုက်ရင်းး

' လိပ်ပြာ အသစ်ရောက်လာလို့ပါ
Shin chan ရဲ့
ဟိုဘက်နားမှာ '

' စကား ပြောရင် လက်မပါစမ်းနဲ့
Takao
ကဲ Kise ငါတို့ သွားမယ်
အား အရေးကြီးတဲ့ အချက် ကျန်သေးတယ်
အဲ့ဒါကတော့
မင်း ဘယ်လူသား တစ်ယောက်ကိုမှ
မချစ်မိဖို့ပဲ
ချစ်မိခဲ့ရင် ဆိုးကျိုးတွေပဲ
ဖြစ်လာမယ် ဆိုတာ
မင်းမှတ်ထားပါ '

သူတို့ ထွက်သွားတာကို ကြည့်ရင်း
ကျွန်တော် တွေဝေစွာ ရပ်နေမိတယ်

'အချစ်' တဲ့

ဒီ စကားလုံးလေးတွေဟာ
ကျွန်တော် နဲ့ ဘယ်တုန်းကမှ
မနီးစပ်ခဲ့သလိုပါပဲ

ကျွန်တော်ဟာ လိပ်ပြာ တစ်ကောင်မျှသာပါ

ခုလောလောဆယ်မှာ ဗိုက်ဆာနေတဲ့
လိပ်ပြာ တစ်ကောင်မျှသာပါ ......

SPIRITHikayelerin yaşadığı yer. Şimdi keşfedin