' ဝါးးး………
ပျင်းလိုက်တာ
လိပ်ပြာဘဝဟာ ပျင်းစရာပါပဲလား'' Kise မင်း နေ့တိုင်း တငြီးငြီးတငြူငြူနဲ့
ကြာတော့ နားကြားပြင်းကတ်လာပြီ
တစ်ခါတလေလေးများ
တိတ်တိတ်ဆိတ်ဆိတ် နေပါတော့လား '' Kagami ခင်ဗျားကြီးကတော့
ပြောအားရှိတာပေါ့
ဘေးမှာ အပျင်းပြေလေးက ငုတ်တုတ်ကိုးး'' ဟေ့ကောင် မင်း…မင်းး…'
Kagami မျက်နှာကြီး ဖြစ်ပျက်သွားပုံများ
ကျွန်တော် ဟားတိုက် ရီလိုက်ချင်တယ်ကျွန်တော့်ကို လက်ညှိုးထိုးရင်း မျက်လုံးပြူးရင်း
မျက်နှာကြီးကလဲ နီရဲလို့
ဘာပုံကျိမှန်းကိုမသိဘူး
တော်တော် အရှက်အကြောက်ကြီးတဲ့ Kagami
သူ့ပါတနာ Kuroko ကဖြင့်
လှုပ်တောင် မလှုပ်ဘူး
ထုံးစံအတိုင်း မျက်နှာသေနဲ့ကျွန်တော့် လိပ်ပြာဖြစ်စဉ်ကလဲ
ပြောစမှတ်တွင်အောင်ကို ပျင်းစရာကြီးလိပ်ပြာဖြစ်တာ နှစ်လလောက်ရှိနေပြီ
ခုထိ ဖော်မပါဘဲ တစ်ကိုယ်တည်း ဖြစ်တုန်းပဲကျွန်တော့်နောက်မှ လိပ်ပြာဖြစ်သူတွေ
မနေ့တနေ့ကမှ လိပ်ပြာဘဝ ရောက်လာတဲ့
ဂျူနီယာ့ ဂျူနီယာ လိပ်ပြာပေါက်စတွေ
ကိုယ်စီ ကိုယ်စီ အကြည်ဆိုက်ကုန်ကြပြီအားလုံးက ဖြစ်လေရာ ဘဝမှာ
ကိုယ့်ပျော်ရွှင်မှုကိုယ် ရှာဖွေကြတာချည်းပဲလေ
ကျွန်တော့်မှာသာ……ချိတ်တိတ်တိတ်လာလုပ်ကြတဲ့
လိပ်ပြာထီးတွေ
လိပ်ပြာမတွေ ရှိပေမယ့်
They aren't my style ဖြစ်နေတော့လဲ ခက်သားရင်ဘတ်ကြီးကမှ မတုန့်ပြန်တာကိုး
ကျွန်တော်က တုန့်ပြန်စေချင်လှပြီ
တစ်ယောက်ထဲ နေရတာ မုန်းလှပြီလေKurokoတို့ စုံတွဲနဲ့ပဲ တွဲနေရတော့တယ်
ဒါတောင် သူတို့ စုံတွဲကိစ္စတွေ ရှိတဲ့အခါ
ကျွန်တော့် တစ်ယောက်ထဲ ငေါင်စင်းစင်းနဲ့ခုလဲ သူတို့ ကိစ္စဝိစ္စတွေအတွက်
ဖုတ်ဖက်ခါပြီး ထသွားလိုက်ကြတာ
စောင်းတောင် ကြည့်သွားဖော်မရကြဘူး
ကျွန်တော်လဲ မျက်စောင်းနာနာထိုး ပလိုက်တယ်
