AOMINE DAIKI

714 82 8
                                    


' Kise kun ကျွန်တော်တို့ဆီလဲ လာပါဦး
အမြဲ Aomine နားချည်းပဲ
သူ့ကို ဝင်မပူးဘဲနဲ့ အဲဒီလူအနားမှာ
အကြာကြီးနေဖို့ မကောင်းဘူးနော် '

Kuroko က စေတနာနဲ့ပြောမှန်းသိပေမယ့်လည်း
အချစ်စိတ်မွှန်နေလေတော့
ကျွန်တော် စိတ်ခုမိသည်

Aomine kun ကို ပူးကပ်နေလို့ရသော်လဲ
ကိုယ်ချစ်နေရသူကို ဘယ်လိပ်ပြာက
အနိုင်အထက် ပူးကပ်ချင်ပါ့မလဲ

Aomine kun နားမှာ တစ်လလုံး တောက်တဲ့လိုကပ်နေမိတဲ့ ကျွန်တော်

သူရေချိုးချိန်နဲ့ Toilet ဝင်ချိန်ကလွဲလို့
တကောက်ကောက်လျှောက်လိုက်နေသည်မှာ
သူ့အကြောင်းကို သူ့ထက်ပင်သိနေလေပြီ

Aomine Daiki
အသက်က 18 နှစ်
မနှစ်က အထက်တန်းပထမနှစ်ကျပြီး အခုစိတ်မပါလက်မပါပြန်တက်နေသည်
မိသားစုမရှိ Hokkaido တွင်တော့ အဒေါ်တယောက်ရှိသည်
တခါတရံ ဖုန်းဆက်ရုံကလွဲ၍ ပတ်သက်မှုရှိပုံမရ
Basketball ဝါသနာကြီးသလောက်
ပရော်ဖက်ရှင်နယ် ဖြစ်နိုင်သူ
တစ်ယောက်တည်းနေရခြင်းကို နှစ်သက်သည်
စိတ်တိုလွယ်သည် ဒေါသကြီးသည်
ထစ်ကနဲဆို လက်ပါတတ်သည်

တစ်ခုပါပဲ
သူ့အနားမှာ ဝန်းရံနေသလိုဖြစ်နေတဲ့ ဝမ်းနည်းနာကြင်မှုတွေကိုတော့ ဘာ့ကြောင်ရယ်မှန်းမသိပါ
ကျွန်တော် သိလဲမသိချင်ခဲ့ပါ

' ဟေ့ရောင် Kise ......'

' မှလေး ပလုတ်တုတ် '

လှမ်းခေါ်ရင်း ရိုက်လိုက်တဲ့ Kagami ကြောင့် အတွေးတောမှ ပြန်နိုးလာသည်

အတော်အီသွားသော လက်မောင်းကိုပွတ်ရင်း မျက်စောင်းထိုးတော့
မျက်နှာနီ Kagami က
မကျေမနပ်နဲ့ မျက်စောင်းပြန်ထိုးသည်

' ခွိခွိ အဟိ Kagami ကြီး......က
မျက်စောင်းတွေ ဘာတွေနဲ့ '

Kuroko မျက်နှာပြုံးရောင်သန်းနေတော့
ခုနက နီလက်စမျက်နှာကျိက ဆေးနီဖြန်းလိုက်သလိုပင်

ပြုံးခဲရယ်ခဲတဲ့ သူ့ partner ရဲ့အပြုံးကြောင့်
သူ့ခမျာဘာမှ မပြောသာ
နီနီနင်နင်ကျိ ဖြစ်နေရှာသည်

Kise ရဲ့ ခွက်ထိုးခွက်လန်ရယ်သံ
ပြုံးတုံ့တုံ့ Kuroko နဲ့
နီနင် Kagami တို့ကြောင့် လေးပင်လျက်ရှိသောလေထုသည်
ရုတ်ချည်း ပေါ့ပါးသွားလေသည်

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Dec 19, 2015 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

SPIRITHikayelerin yaşadığı yer. Şimdi keşfedin