" တက်ရမလား...... မတက်ရဘူးလား
တက်ရမလား...... မတက်ရဘူးလား...
တက်ရမလား......... မတက်ရဘူးလား
..................................................."ကျွန်တော့်ရှေ့က ကြမ်းခင်းပေါ်မှာ
တစ်ရွက်ချင်း ခြွေချထားတဲ့
သစ်ရွက်ကလေးတွေ များနေသလို
ကျွန်တော့်စိတ်တွေကလဲ ဆောက်တည်ရာမရAomine kun မလာခင်
သူ့ခုတင်ပေါ်အမြန်ခုန်တက်
သူ့ခေါင်းအုံးကို တစ်ချက်လောက်နမ်း
သူ့ရဲ့ အငွေ့အသက်လေးတွေကို ရှူရှိုက်နစ်မျောချင်မိပေမယ့်လည်း
မဝံ့မရဲ မရိုးမရွ ကတုန်ကယင်ကျိလမ်းတစ်လျှောက်လုံးလဲ
သခင်နောက်လိုက်တဲ့ခွေးတစ်ကောင်လို......
အင်းး ခွေးကမှ ဘေးဘီကိုကြည့်မိ အနံ့ခံမိဦးမယ်
ကျွန်တော်ကတော့ သူ့ကျောမှာမျက်စိကပ်
နန့်စရာမရှိ လက်ရမ်းပြီးလိုက်လာတဲ့ကောင်ဘယ်ဘဝက ဘယ်ရေစက်ကြောင့်
သူများ ခုတင်နားရစ်သီရစ်သီ လုပ်နေရပါလိမ့်" ချပ် "
မျက်လုံးထဲမှာ ထင်းကနဲ လင်းကနဲ ဝင်းကနဲ
မိုးကြိုးပဲ ပစ်တာလား
မုန်တိုင်းထဲပဲ လွင့်ပါသွားတာလားသဲကန္တာရထဲ အိုအေစစ်တွေ့သလို ပြေးခုန်အုပ်လိုက်ရမကောင်းဘူး ဖြစ်ဦးမယ်
" uwaaaaa Aomine kun!!!!!! "
နှလုံးခုန်ရပ်ရုံတင်မက အပြင်ဘက် ထွက်ကျသွားရင်တောင် ပြန်ကောက်မထည့်ချင်ဘူး
ကျွန်တော် အဲ့ဒီနေရာတင် လိပ်ပြာသက်ပျောက်သွားတောင်
နောင်တမရဘူး ဆိုရမလားပဲခါးမှာ တဘက်မပတ်ဘဲ
ရေချိုးခန်းထဲကထွက်လာရဲသော Aomine Daiki...
ဇိမ်ပြေနပြေတောင် ရေသုတ်နေလိုက်သေးတယ်
အံ့ဖွယ်သုတပဲကျွန်တော့်မှာသာ မျက်နှာကို
လက်ဝါးနဲ့အုပ် မျက်လုံးကိုမှေးထားရင်း
ချောင်းကြည့် အဲ နဲနဲဆိုနဲနဲလေး......
တကယ့်ကို မဆိုစလောက်လေးပဲဗျာ
ကြည့်မိတာပါ
ဝေဝေဝါးဝါးအကြည့်ဆိုပါတော့ရုတ်တရက် သူ ကျွန်တော့်ဘက်ကိုအလှည့်
" ငင် "
ကျွန်တော့်မျက်လုံးလဲ အဆမတန်ပြူးကျယ်
( Aomine အိဂျီဝတ်ပိပြီ ဖြစ်ကြောင်းပြောပျစေ ခိခိ)
