[Your Heartbeat]
အပိုင်း [၂၃]ဂျင်!..ဆော့ဂျင်!! ဝမ်းသာလိုက်တာကွာ!
ဂျောင်ကုရဲ့အသံကြောင့်ဆော့ဂျင်အခုမှ လက်ရှိချိန်ကိုပြန်ဝင်လာကာ..မလှုပ်မရပ်သာ ရပ်ကြည့်နေမိသည်။ ခွဲရတုန်ကလည်း ချက်ချင်းကြီး ပြန်တွေ့ရတော့လည်း မထင်မှတ်ပဲ။
ရုတ်တရက်သူသတိဝင်လာချိန်၌ ဂျောင်ကုရဲ့ရင်ခွင်ထဲကိုရောက်နေခဲ့သည်။ သူအမြန်ရုန်းကာ ဂျောင်ကုလက်တွေကိုဖြုတ်ချလိုက်သည်။
ဂျင်!..ဆော့ဂျင်!! နေပါအုံး...ကိုယ့်ကိုလူစိမ်းတစ်ယောက်လို ဆက်ဆံရတာလည်းကွာ....ကိုယ့်မင်းကိုဘယ်လောက်လွမ်းရလည်း။
ဟက်လွမ်းလို့ပဲ ဖုန်းတစ်ချက်တောင်မဆက် အဆက်သွယ်တစ်ချက် တောင်မလုပ်ပဲပျောက်သွားခဲ့ပြီ အခုမှဘယ်ကပြန်ပေါ်လာတာလည်း!
ကိုယ့်အဲ့တာတွေအကုန်ဂျင်ကိုရှင်းပြမှာပါ အခုခဏလေပဲဖက်ထားခွင့်ပေးပါ ဂျင်ရယ်။
ဂျောင်ကုသည် ပြောပြီသည်နှင့်ဆော့ဂျင်ကိုရင်ခွင်ထဲပြန်ဆွဲသွင်းကာ..တင်းကျပ်စွာဖက်ထားလိုက်သည်။
သူဖက်ထားတာကိုအတင်းအချေရုန်းနေပါသောကြောင့်...
မရုန်းပါနဲ့ ဂျင်ရယ်!...
သူငိုသံစွတ်စွာပြောသံကြောင့် ချက်ချင်းငြိမ်ကျသွားသော ကိုယ်ငယ်လေ..
ဟင့်အရူး! လွှတ်! မင်းကိုမုန်းတယ်။
မလွှတ်ဘူးကွာ!!...ဒီအရူးကြီးကကင်မ်ဆော့ဂျင်ဆိုတဲ့လူသားလေကိုသေလောက်အောင်ချစ်တာ!
မချစ်နဲ့!...ငါမင်းကိုမုန်းတယ်!
ကိုယ့်က တော့အရမ်း! ချစ်တယ်ကွာ!!..
သူမုန်းတယ်ပြောလေ ချစ်တယ်ကြီးပဲအော်ဟစ်နေသောကြောင့်..ဆော့ဂျင်အနည်းငယ်တော့ပြုံးယောင်းသန်ခြင်းလာသည်။ နိုင်ငံခြားရောက်မှပိုပြီ ကြီးထွားလာသော ရင်အုပ်အကျယ်ကိုဆော့ဂျင်မဲကာထုရိုက်လိုက်သည်။
အင့်ကွာ!..အင့်ကွာ!!..
ရိုက်ပါဂျင်!..မုန်းတယ်ဆိုတဲ့စကားထက်အများကြီးခံသာပါတယ်။ ဂျင်ကြိုက်သလောက် ရိုက်ပါ။
YOU ARE READING
YOUR HEARTBEAT ||Taejinkook✅
Fanfictionမင်းမညာပါနဲ့ကင်မ်ဆော့ဂျင် မင်းရဲ့ရင်ခုန်သံငါအပေါ်မှာရှိသေးတယ်ဆိုတာ............ JEON JUNGKOOK ပိုင်ဆိုင်ထားပေမဲ့မင်းရဲ့ရင်ခုန်သံကဘာလို့သူကပိုင်ဆိုင်ထားရတာလည် မင်းရင်ခုန်သံငါရှိရောက်ဖို့ငါကြိုးစားနေမှာပါ.............. KIM TAEHYUNG ဟင့်အင်ငါမသိတော...