Part ~~[28]

512 76 41
                                    

[Your heartbeat]
အပိုင်း [၂၈]

အဲ့ကောင်ကဘယ်သူလည်း!ဘာလို့သူနဲ့နှစ်ယောက်ထဲရှိနေတာလည်း!! တောက်ခ်တစ်နေ့ကုန်သူဖုန်းကိုမကိုင်ပဲဘယ်ကမှန်မသိတဲ့ကောင်နဲ့အတူရှိနေပြီပျော်နေကြတာ!!

ဂျောင်ဂုဝုန်းခနဲထလိုက်တော့ မစ်စတာဂျွန်သည်ဂျောင်ဂုလက်ကိုဆွဲလိုက်ကာမသွားဖို့တားနေသည်။ဂျောင်ဂုလက်ကိုခါထုတ်လိုက်ကာ.....
ဆော့ဂျင်တို့ဝိုင်းကိုဦးတည်လိုက်သည်။

ဂျောင်ဂုအခုသူအဖေရဲ့မျက်နှာတောင်မမြင်နိုင်လောက်အောင် ဒေါသဟာအဆမတန်ထွက်နေခဲ့သည်။ အခုချိန်မှာဆော့ဂျင်တို့‌ဝိုင်းကလွဲပြီ ဘယ်သူမျက်နှာမှမမြင်တော့။

ဖုန်းကိုမကိုင်နိုင်လောက်အောင်သိပ်ကိုအလုပ်များနေတာပေါ့ ကင်မ်ဆော့ဂျင်!

ဂျောင်ဂုစကားအပေါ်တစ်ဖက်ကဆော့ဂျင်သည်သူ့ကိုအခုမှတွေ့သည်ထင် အံ့ဩသင့်နေခဲ့သည်။ပြီတော့ဟိုကောင်ရဲ့မျက်နှာကိုကြည့်ကာအားနာနေသလို။

လာခဲ့!!

ဂျောင်ဂု!

ဆော့ဂျင်ကိုဆွဲခေါ်နေသောဂျောင်ဂုကြောင့် ဆော့ဂျင်လက်ကိုခါထုတ်လိုက်ကာ...။

ကိုယ်ဒေါသမထွက်ခြင်းဘူးနော် ကင်မ်ဆော့ဂျင်!

မင်းဘာဖြစ်နေတာလည်းဂျောင်ဂု ပြီတော့ဒီကိုဘာလာလုပ်တာလည်း!

အဲ့ဒါကိုယ်မေးရမှာ!! ဆော့ဂျင်မင်းဒီကောင်နဲ့တော်တော်ပျော်နေတယ်မလာ!!

ဂျွန်ဂျောင်ဂု!

ဆော့ဂျင်ထယ်ယောင်းဘက်ကိုကြည့်ကာ..အတော်အားနာနေသည်။ဂျောင်ဂုနဲ့သာသူဒီမှာဆက်ဖြစ်နေရင်အရှက်တွေဗြန်းဗြန်းကွဲလိမ့်မယ် အဲ့ဒါကြောင့်ပင်ဂျောင်ဂုလက်ကိုဆွဲကာ...။

တောင်ပန်ပါတယ် ထယ်ယောင်းရှီ ကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့ အခုတော့ခွင့်ပြုပါအုံး။

ထယ်ယောင်းကတော့သူကိုခေါင်းလေအသာငြိမ့်ပြလာသည်။

တောက်ခ်!နောက်တောင်ထပ်တွေ့ကြအုံးမယ်တဲ့!!

ဆော့ဂျင်လည်းဂျောင်ဂုလက်ကိုဆွဲကာစားသောက်ဆိုင်အပြင်သို့ထွက်လာခဲ့လိုက်သည်။

YOUR HEARTBEAT ||Taejinkook✅Where stories live. Discover now