Part ~~[42]

458 78 41
                                    

[Your Heartbeat]
အပိုင်း [၄၂]

1 year later

တီ..တီ..တီ.....

ဟယ်လို ကင်မ်ထယ်ယောင်းပြောနေပါတယ်။

ဟုတ်ကဲ့ဗျ ကျွန်တော်ကာလပေါက်ဈေးအတိုင်းဆောင်ရွက်နေတာပါဗျ တစ်ခုခုပြဿနာမြန်ရှိလို့ခဗျ။

အား..ဟုတ်ကဲ့..ကျွန်တော် မန်နေဂျာလီကိုလွဲပြောင်းစာရင်းကိုပြင်ခိုင်လိုက်ပါ့မယ်။

အား..မဟုတ်တာ ဒါကျွန်တော်တို့ company ကအမှားပါ နောက်ဆုံးအမှားလည်းဖြစ်ပါတယ် ကျွန်တော်ဘက်ကအနူးညွန့်တောင်ပန်းပါတယ်။

တစ်ဖက်က ဝယ်သူကကျေနပ်မူ့ရသွားသဖြင့် ထယ်ယောင်းဖုန်းချလိုက်ပြီ သက်ပြင်းရှည်တစ်ချက်သာ ချလိုက်သည်။

မကြာခင်မှာပဲ သူရုံးခန်းထဲသို့ဝင်လာသူ မန်နေဂျာလီကြောင့်..ထယ်ယောင်း..ကိုယ်မတ်လိုက်ကာ....

မန်နေဂျာလီ..ဘာပြောစရာရှိသေးလဲ။

ဟို..တောင်ပန်းပါတယ်boss! ကျွန်တော်‌ဂရုတစိုက်လုပ်သင့်ခဲ့တာပါ။

ဟူး...မန်နေဂျာလီလည်း သိမှာပါ ကျွန်တော်ဒီ Company ကိုစတင်ဦးဆောင်လာသည့်သက်တမ်းတစ်‌ေလျှာက်ဘာအမှားအယွင်းမှ မဖြစ်ခဲ့ဘူးဆိုတာ။အခု ဒါကျွန်တော်ရဲ့ ပထမဦးဆုံးစတဲ့အမှား...ဒီအမှားကြောင့် company ရဲ့နာမည်ကိုအသေးအမွှာလေးဖြစ်စေကာမူ အထိအခိုက်လုံးဝမခံဘူးနော်။

ဒါကြောင့် ဒီနေ့အမှားကို ပထမဦးဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်းဖြစ်ပါစေ မန်နေဂျာလီ။

ဟုတ်ကဲ့ပါ boss!! ကျွန်တော်နောက်တစ်ခါဘာအမှားအယွင်းမှ မဖြစ်စေရပါဘူး။

ရော့..ဒီစာရွက်စာတမ်းတွေကို ယူပြီ ပြန်ပြင်ဆင်လိုက်ပါ။

ဟုတ်ကဲ့ boss...။

မန်နေဂျာလီ ထွက်သွားပြီသည့်နှင့်ထယ်ယောင်းခုံးကိုနောက်မှီချလိုက်ကာ မျက်ရိုးတွေကိုနှိပ်နယ်နေခဲ့သည်။

အခုတလော သူအလုပ်လုပ်ရသည်မှာ သိပ်အဆင်မပြေလှပါ။ တစ်ခါမှ မဖြစ်ဖူးတဲ့အမှားအယွင်းတွေလည်းစဖြစ်လာသည်။

YOUR HEARTBEAT ||Taejinkook✅Where stories live. Discover now