Part(2)

615 30 4
                                    

ရွှေရောင်တစ်ဝင်းဝင်းတောက်ပြောင်နေသောခြံတံခါး၏အရှေ့တွင်နက်ပြောင်နေတော့ဇိမ်ခံကားတစ်စီးကထိုးရပ်လာသည်နှင့်ထိုတံခါးမှာအလိုလိုဖွင့်သွားပြီဖြစ်သည်။

ခြံထဲရှိလမ်းလေးတိုင်းမောင်းလာခဲ့ရာခန့်ညားလှသောနန်းတော်သဖွယ်စံအိမ်၏ရှေ့မျက်နှာတွင်ထိုးရပ်သွားသည်။ကားပေါ်မှဦးဆုံးဆင်းလာသူမှာအပြုံးတွေဝေဆာကာဂုဏ်ယူနေသည့်ဟန်အပြည့်နှင့် တစ်ဖက်ကဆင်းလာသူမှာအနည်းငယ်မို့အစ်နေသောမျက်လုံးနှင့်စိတ်ပျက်အားလျှော့စွာဆင်းလာခဲ့သည်။လူနှစ်ယောက်၏အခြေအနေမှာရေနဲ့မီးလိုပင်။

"သားငယ်!ဒီဒီး အဖေစိတ်ပူအောင်ကွာဘယ်တွေသွားနေတာလဲသမီးလေးချယ်ကသူနဲ့သားတွေ့နေရင်းပျောက်သွားတယ်ဆိုလို့ အဖေ့မှာစိုးရိမ်လိုက်ရတာ"

သားဇောဖြင့်ဦးရှိန်းထွန်းတောက် တူတော်မောင်အားမမြင်နိုင်သေးပါချေ။သားငယ်၏အပူတပြင်းမျက်နှာလေးကိုသာစိုးရိမ်မှုဖြင့်ကြည့်နေရှာသည်။ငယ်ငယ်ကတည်းကအမေဆုံးပါးသွားသည်မို့ဦးရှိန်းထွန်းတောက်ဟာသူ့သားငယ်ကိုသိပ်ချစ်သည်။သားငယ်အလိုရှိရာဘာမဆိုဖြစ်အောင်လုပ်ပေးသည်။အခုလည်းရုတ်တရက်ပျောက်သွားသည်ဆိုတော့အတော်ထိတ်လန့်နေခြင်းပါ။အရင်သားငယ်ကဒီလိုမဟုတ်ဘဲဘယ်သွားသွားဘာလုပ်လုပ်အဖေဖြစ်သူကိုဦးဆုံးအသိပေးသည်။မလှုပ်မယှက်ရပ်နေသောသားငယ်အားဟိုဘက်လှည့်ဒီဘက်လှည့်စစ်ဆေးပြီးနောက်တွင်ဦးရှိန်းထွန်းတောက်၏မျက်လုံးအစုံကကားဘော်ဒီအားမှီထားသည့်တူတော်မောင်ထံအကြည့်ရောက်မိသည်။

"သားနိုင်း သားကဘယ်လိုဖြစ်ပြီးပြန်လာတာလဲခရီးထွက်နေတာမဟုတ်ဘူးလားကွယ့်ဟေ"

"ဟုတ်တယ်ဦးလေး ကျုပ်တစ်စုံတစ်ယောက်အတွက်ပြန်လာတာ အပိုင်သိမ်းဖို့လေ"

စကားအဆုံးအကြင်သူထံမှမျက်စောင်းတစ်ချက်ရလိုက်ရသည်။သိပ်အသဲယားဖို့ကောင်းတာဘဲ!

ဦးရှိုန်းထွန်းတောက်ထိုးစကားအားကြားအပြီးမျက်နှာပေါ်ရှိရွှေရောင်ကိုင်းနှင့်မျက်မှန်အားတစ်ချက်ပင့်ကာရယ်မောကာဆိုလေသည်။

9's DEEWhere stories live. Discover now