နိုင်းအိပ်ယာထကတည်းကတက်ကြွနေသည်။ဒီနေ့ကသူအမျှော်မှန်းထားဆုံးနေ့မတွေ့ရတာလေးရက်ရှိပြီဖြစ်သောအကြင်သူရဲ့မျက်နှာလေးအားတွေ့ရမည့်အပြင်အများသူငှာရှေ့ထိုသူအားပိုင်ဆိုင်ကြောင်းပြခွင့်ရမည့်နေ့ဖြစ်သည်။
ဟုတ်ပါသည်ဒီနေ့ကနိုင်းနဲ့ဒီးရဲ့မင်္ဂလာရက်ပင်။
နိုင်းလုပ်နေကျအစီစဉ်အတိုင်းကိုယ်လက်လှုပ်ရှားမှုဖြစ်အောင်လေ့ကျင့်ခန်းလုပ်သည်။ခန္ဓာကိုယ်ကကျစ်လစ်ကာ ငယ်ငယ်ကတည်းကပုံသွင်းထားသည့်တိုင်း ကြည့်ကောင်းကာဆွဲဆောင်မှုရှိသည်။ရင်အုပ်ကျယ်ကျယ်နှင့်လက်မောင်းကြွက်သားတို့မှာကိုက်ဆွဲချင်စရာအပြည့် ဘယ်ဘက်ရင်အုံမှာ (9) ကိုသေချာပုံသွင်းထားကာသေသေသပ်သပ်တက်တူးတစ်ခုကတည်ရှိနေသည်။ချွေးတရွှဲရွှဲနှင့် အဆီထွက်မှုကြောင့်တဝင်းဝင်း ဖြစ်နေသော ခန္ဓာကိုယ်မှာနှာခေါင်းသွေးလျှံ ကာမြင်သူတိုင်းပစ်ကြွေချင်စရာကောင်းလှသည်။
နိုင်းဆိုတာ မိန်းကလေးများပါမကျန် comeout လုပ်ထားသောအမျိုးသားများ၏အလယ်မှာအာရုံစူးစိုက်မှုအပြည့်ရထားပြီးသားလူ။သို့ပေမဲ့လည်းပေါ့သူရဲ့နှလုံးသားက ငယ်ငယ်ကတည်းကပိုင်သူရှိပြီးသား ခုလည်းဒီလူ နောင်လည်ဒီလူ သေသည့်အထိ ဒီလူဆိုတာမျိုးတံဆိပ်ခက်ပြီးသားပင်!အော် အဲ့ဒီ့လူကမသိတော့သိပ်ခက်တယ်။
ကိုယ်လက်လှုပ်ရှားမှုအပြီးရေချိုးရန်အင်္ကျီချွတ်ကာအောက်ပိုင်း၌တဘက်ပတ်လိုက်သည်။မနက်ခင်းတိုင်းဆိုကျုပ်လူက ထောင်ထောင်မောင်းမောင်းပင်နေ့စဉ်ဖြစ်နေတာကြောင့်ဒီနေ့လည်းမထူးစွာ တစ်ဦးထဲသောလူအားမျှော်မှန်းရအုံးမယ်။
"သားရေ နိုင်းနောက်ကျမနေနဲ့အုံးရှိန်းလေးတို့ စောင့်နေရလိမ့်မယ်"
ဒေါ်နွဲ့ယဉ်သားအားအခေါ်တော်စရသည်။ပုံမှန်အလုပ်သွားချိန်လာမပြောတက်ပေမဲ့သားကလည်းနောက်မကျဖူးပါ။ဒါပေမဲ့ဒီနေ့ကအရေးကြီးသည်မလားသတိကတော့ပေးရအုံးမှဖြစ်မည်။
"နောက်ကျတာ နိုင်းစစ်ထန်စတိုင်မှမဟုတ်တာ!"
အိပ်ခန်းတံခါးအားဆွဲဖွင့်ကာအသံပြုသည်။အနောက်ရောင်အနောက်တိုင်းအင်္ကျီနှင့် ချောမောခန့်ညားလှသောသားဟာ အခုအိမ်ထောင်ပြုရမည့်အရွယ်ရောက်လာပြီပေါ့။သားအဖေရဲ့ခန့်ညားမှုကသားနိုင်းကိုအမွေအဖြစ်ထားခဲ့ဟန်တူသည်။
YOU ARE READING
9's DEE
Romance"ဒီး ခင်ဗျားသာတစ်ချက်ပြန်လှည့်ကြည့်ပေးရင် နိုင်းစစ်ထန်ဆိုတဲ့ကျုပ်က ခင်ဗျားဆီမှာအကြိမ်ကြိမ်ပြိုလဲမဲ့ကောင်!" နိုင်းစစ်ထန် "မချစ်ဘူးမဟုတ်ဘဲမချစ်ချင်တာ မာန်မာနတရားတွေကဘဲအနိုင်ယူသွားပါစေ" ရှိန်းဒီသွင် ⚠️🦑