Part(6)

404 17 0
                                    

"ဒီး!အဲ့တာဘယ်လဲ"

MacBook အားကိုင်ရင်းကုတင်ထက်၌အလုပ်လုပ်နေသော်လည်းနိုင်းရဲ့စိတ်အာရုံအစုစုတို့ကအခန်းအတွင်းလှည့်လည်သွားလာကာရှိုးထုတ်နေသည့်သူ့ရဲ့အမျိုးသားစီတွင်သာ။နိုင်းထက်အရင်အိပ်ယာထသွားပြီးရေချိုးသန့်စင်ကာဆံပင်ပုံသွင်းပြီးရှိုးထုတ်နေတာအခုထိ။ကိုယ်ကအအိပ်ဆက်သူမို့သူထသွားတာသိပြီးပြန်မအိပ်တော့ဘဲဒီနေ့ meeting အတွက်လုပ်စရာရှိတာလုပ်နေခြင်းပေ။အခုလည်းမှန်ရှေ့ဟိုအင်္ကျီတိုင်းကြည့်ဒီအင်္ကျီတိုင်းကြည့်နှင့်အလုပ်ရှုပ်နေသည့်သူကအပြင်ထွက်ဖို့ဟန်ပြင်နေတာမို့မေးမိလိုက်ခြင်း။

"ကျုပ်ပြောတာကြားလား ဘယ်သွားမလို့လဲ"

ကိုယ်ပြောတာအရေးမလုပ်ဘဲအင်္ကျီထဲတွင်စိတ်ဝင်စားနေတာမို့နိုင်းမျက်ခုံးတစ်ဖက်ပင့်လိုက်ကာသူ့အနားလျှောက်သွားရင်းအနောက်ကနေသိမ်းကျုံးဖက်ထားလိုက်သည်။

"နိုင်းစစ်ထန်!မင်းဘာလုပ်တာလဲ လွှတ်စမ်း!"

"ကျုပ်မေးနေတာ ဘယ် သွား မ လို့ လဲ!"

စကားတစ်ခွန်းစီအားဖိကပ်ပြောပြီးရုန်းကန်နေသူ၏ဂုတ်ပိုးလေးအားတစ်ချက်ဖိကပ်နမ်းလိုက်သည်။

"ရွှတ်"

"မင်းကိုဘယ်သူကနမ်းခွင့်ပေးလို့လဲ အရှက်မရှိ"

"ကျုပ်ပြောပြီးသားကျုပ်ကအရှက်မရှိဘူး...အဲ့လိုဘဲလူလဲအရှက်မရှိသလို ီးလဲအရှက်မရှိဘူးချွတ်ပြရမလား?"

ဒီအရိုင်းအစိုင်းကောင်မပြောရဲတာဘာမှမရှိဒေါသနှင့်ရှက်စိတ်ပေါင်းကာဒီဒီးအနောက်ဘက်မှလူအားတံတောင်နှင့်ထိုးပစ်လိုက်ပြီး

"မင်းစကားကိုဆင်ဆင်ခြင်ခြင်ပြောနိုင်းစစ်ထန်!ရွံစရာကောင်းအောင်ပြောမနေနဲ့"

"ဟ့..ကျုပ်နဲ့ခင်ဗျားနဲ့လက်ထပ်ပြီးသားဒီလောက်စကားလေးနဲ့ဘာဖြစ်သွားမှာလဲခင်ဗျားဟာလည်းကျုပ်မြင်ဖူးသလိုကျုပ်ဟာလည်းခင်ဗျားမြင်ဖူး.."

"မမြင်ဖူးဘူးမြင်လည်းမမြင်ချင်ဘူးငါ့ရှေ့ကဖယ်!"

အရှက်ဟူသည်စိုးစိမျှမရှိဘဲပြောနေသူ၏စကားအားကြားဖြတ်ကာဝင်ဟန့်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကြီးအားဘေးတွန်းကာဖုန်းနှင့်အိတ်ယူဖို့လက်လှမ်းလိုက်ချိန်ဒီဒီးရဲ့လက်အားကြားဖြတ်ဆွဲလိုက်ပြီးသူ့ရဲ့ရင်ဘက်ထံသို့ခန္ဓာကိုယ်တစ်ခုလုံးဖက်တွယ်လိုက်ကာ

9's DEEWhere stories live. Discover now