Part (4)

525 22 2
                                    

ကားထဲသို့အကြမ်းပတမ်းသွင်းလိုက်ပြီးနောက်မှန်တံခါးတို့အားနိုင်းချထားလိုက်သည်။ဒေါသစိတ်တို့ကဘယ်လိုမှသည်းမခံနိုင်။ကိုယ်ချစ်ရတဲ့သူက..ကိုယ့်အပိုင်ဖြစ်နေတဲ့သူကတစ်ခြားမိန်းကလေးတစ်ယောက်ကို မြတ်နိုးစွာကြည့်တဲ့အကြည့်၊ အထိအတွေ့တွေကိုမြင်လိုက်ရတာနှလုံးသားကိုဓားနဲ့မွှန်းလိုက်သလိုဘဲ။ အမှန်အဲ့အကြည့်တွေကကိုယ့်အတွက်ဘဲဖြစ်ပြီးထိုလူ့ခန္ဓာကိုယ်လေးကိုထိတွေ့ခွင့်ရမှာကိုယ်တစ်ယောက်ထဲဘဲ။

စောစောပိုင်းကယမကာသောက်ထားသည့်အရှိန်နှင့်ဒေါသအရှိန်နှင့်ပေါင်းကာဒီဒီးမျက်နှာလေးရဲတွတ်နေသည်။ဒါ့အပြင်ကားထဲသို့ဆောင့်ကာပစ်သွင်းခံရခြင်းကြောင့်ခေါင်းထဲရီဝေဝေဖြစ်နေသည်ကအမှန်။ ဒါတွေဒီဒီးဂရုမစိုက်နိုင်သေးပါဘေးကနေကားအားအသားကုန်မောင်းနေသောသူကဘယ်ကိုသွားနေသည်မှန်းဒီဒီးသိဖို့လိုသည်။အိမ်နဲ့အရမ်းဝေးနေပြီ။

"မင်းကားကိုအခုချက်ချင်းရပ်!"

"ဟွန့်"

"ငါပြောတာကြားလား!ငါမင်းနဲ့မလိုက်နိုင်ဘူး အခုချက်ချင်းရပ်ပေး!"

ကားအရှိန်မှာနှေးမသွားသည့်အပြင် ပိုလိုတောင်မြန်ဆန်လာသည်ဟုဒီဒီးစိတ်ထဲထင်နေသည်။ညဘက်လမ်းရှင်းနေ၍သာတော်သေးသည် မဟုတ်ရင်မတွေးရဲစရာ။ရှေ့တည့်တည့်သာကြည့်ပြီးစကားပြန်မဆိုလာသည့်လူကြောင်ဒီဒီးဒေါသအဆုံးစွန်ထိဖြစ်လာပြီ။

"နိုင်းစစ်ထန်! ငါပြောတာကြားလား!"

"မကြားဘူး!ကျုပ်နားကန်းနေတယ် အိမ်ရောက်မှအဲ့နားပြန်ကြားမှာ အခုပါးစပ်ပိတ်ပြီးငြိမ်ငြိမ်နေ!"

ဘေးကနေအသံကောင်းကောင်းနှင့်အော်ဟစ်နေသူအားတစ်ချက်ပြန်ပြောလိုက်မှ "တောက်ခ်"ဟူသည့်အသံနှင့်အတူငြိမ်သက်သွားသည်မို့အာရုံတွေကကားဆီကိုသာစူးစိုက်ထားလိုက်သည်။ဒါသူတို့ရဲ့မင်္ဂလာအိမ်ဆီသွားနေသည်မလား။ဒီတစ်ခေါက်ခရီးကအပြန် ဒီး ကိုအပိုင်သိမ်းမည်တွေးထားပေမဲ့အလျင်စလိုဘဲလုပ်ငန်းဖြတ်ပြီးလာခဲ့ရတာ။ကျုပ်ရဲ့ ဒီးကသိပ်ဆိုးတာဘဲကျုပ်မရှိတဲ့တစ်ပတ်အတွင်းမှာတောင်ရည်းစားထားလိုက်နိုင်သေးတယ်။နောက်ဆုံးတော့လဲဘာထူးလဲဒီကကောင်ရင်ခွင်ထဲရောက်ရတာဘဲမလား!

9's DEEWhere stories live. Discover now