Part(7)

362 12 2
                                    

တိတ်ဆိတ်နေသောညအမှောင်နှင့်အတူအခန်းအတွင်း၌လူနှစ်ဦးမှာလည်းငြိမ်သက်လျက်။တစ်ဦးကတင်းကျပ်စွာဖက်ထားပြီးနောက်တစ်ဦးကပကတိအတိုင်းမလှုပ်မယှက်။တင်းကျပ်စွာဖက်ထားသူမှကိုယ်ကိုအနည်းငယ်ခွာလိုက်ပြီးနောက်တစ်ဦးရဲ့ပုခုံးထက်လက်ဖျားများတင်ကာအရပ်တူညီစေရန်နှိမ့်လိုက်ပြီ...

"ပြော ဘာလို့နောက်ကျတာလဲ"

တည်ငြိမ်သောအသံပေမဲ့အေးစက်စက်နိုင်စွာသူ့ထံမှထွက်ပေါ်လာသည်။ကိုယ်ကအပစ်တစ်ခုလုပ်ထားသည့်နှယ့်ခံစားရကာတံတွေးကိုဘဲအကြိမ်ကြိမ်မျိုချနေမိသည်။ထို့နောက်ပုခုံးထက်မှသူ့ရဲ့လက်ကိုဖယ်ကာမှန်တင်ခုံရှေ့ထိုင်လိုက်ပြီ

"မင်းနဲ့ဆိုင်လို့လား"

အေးအေးလူလူပြောနေပုံကိုကဆိုင်လို့လားတဲ့သွေးသားချင်းနှီးနှောပြီးတာတောင်..ကျုပ်လုပ်ရင်သေတော့မှာခင်ဗျား။

"မဆိုင်ဘူးဟုတ်လား..ကျုပ်ကခင်ဗျားလင်!ဆိုင်ရုံတင်မဟုတ်ဘူးခင်ဗျားကိုပိုင်တာ!"

"မေးမိလို့လား"

"ဘာဗျ!"

ဒေါသတကြီးထူးသံအကြားဒီဒီးမှန်တင်ခုံအရှေ့မှ‌အနောက်သို့လှည့်ကာမျက်နှာချင်းဆိုင်လိုက်ပြီး

"မင်းကိုဘယ်သူ့လင်လည်းမေးမိလားပြောတာ..ဒီအိမ်မှာဘယ်သူမှသိချင်မနေဘူး"

"ဟွန့်!ကိုယ့်ဂုဏ်ဖော်စရာရှိတာဖော်ရမှာဘဲမေးသူမရှိလည်းနားထောင်မဲ့သူရှိတာဘဲကျူပ်ကဘယ်လိုမှမနေဘူး"

ဒီဒီးအံကိုတင်းတင်းကြိတ်လိုက်ပြီးထိုင်ခုံမှထကာ

"အေးအဲ့မှာတစ်ယောက်ထဲအရူးလိုပြောနေ!"

ရေချိုးခန်းအတွင်းသိုသွားရန်ဆန္ဒလည်းမပြည့်ခဲ့ပါ။လက်အားလှမ်းဆွဲပြီကုတင်ထက်၌"ဝုန်း"ကနဲပစ်လှဲချသောလူကြောင့်ကျောရိုးမှာအောင့်သက်သက်နှင့်။မွေ့ယာအထူဖြစ်ပါသော်လည်းအားကများတာမို့နာသည်။သူကကိုယ့်အပေါ်ဖိထားတာမလို့အလျင်အမြန်ထမရပေ။

"ဘာလုပ်တာလဲလွှတ်စမ်း!"

"အဲ့တာဆိုကျုပ်မေးတာဖြေ ဘာကိစ္စနောက်ကျတာလည်းကျုပ်ပြောပြီးသား၅နာရီနောက်ဆုံးလို့!"

9's DEEWhere stories live. Discover now