လွန်းကိုအမြဲ ကားဂိတ်မှာလာလာကြိုတတ်တဲ့ ကောင်မလေး ကျောင်းတက်ဖို့အချိန်ရောက်ရှိလာပါတော့တယ်။
ညဘက်၉နာရီလောက် သဲဆီက ဖုန်းဝင်လာတယ်။"ဟယ်လို သဲ "
"မမ မနက်ဖြန် ကျောင်းအတူသွားရအောင်လေ။ သဲလာခေါ်လိုက်မယ်"
"မမ ဘာသာသွားလိုက်မယ်။ ကျောင်းကျတော့တွေ့ကြမယ်လေ"
"အတူသွားလိုက်တော့ဘာဖြစ်လို့လဲ"
လွန်းက ကိုယ်ပိုင်ကားစီးပြီး ကျောင်းတတ်ရလောက်အောင် မချမ်းသာပေ။ သူများကားလဲ လိုက်မစီးချင်၍ ငြင်းလိုက်တာဖြစ်တယ်။ နဒီကလည်း အမြဲလာခေါ်မယ်ပြောသော်လည်း လွန်းက လက်မခံခဲ့။
"မမ သွားနေကြအတိုင်းပဲ သွားရတာအဆင်ပြေလို့ပါ""သေချာလား လိုက်မစီးဘူးဆိုတာ"
သဲက သူစိတ်တိုင်းကျမဖြစ်တော့ရစ်တယ်။
"အင်း ကျောင်းရောက်ရင် မမစောင့်နေမယ်လေ"
"ရပါတယ် မစောင့်နေနဲ့ ကိုယ့်ဘာသာပဲနေလိုက်မယ်"
သဲစိတ်ဆိုးသွားပြီ။
စိတ်ဆိုးလဲ မတတ်နိုင်။ သဲကားပေါ် အမြဲလိုက်စီးနေရတာ အဆင်မပြေလှ။
မနက်ကျ ကျောင်းသွားဖို့ အိမ်ကထွက်လာလိုက်တယ်။ တိုက်အောက်မှာ သဲရဲ့ကားကိုတွေ့လိုက်တယ်။
သူကိုတွေ့တော့ သဲက ဆင်းလာတယ်။ လုံချည်လေးဝတ်ပြီး သေချာလေးပြင်ဆင်ထားတာ ချစ်စရာကောင်းနေသည်။"မမ တကယ်မလိုက်ဘူးနော်"
"ကျောင်းမှာတွေ့ပါမယ်ဆို"
"ခုလည်းတွေ့နေပြီပဲ"
ကားနားလျောက်သွားပြီး နောက်ခန်းထဲက အိတ်ကိုယူကာ သူ့ဆီပြန်လျောက်လာတယ်။
"လာ သွားရအောင်"
"လိုင်းကားလိုက်စီးမလို့လား"
"ဟုတ်တယ်လေ"
"ဒီချိန်လူကျပ်တယ်။ အဆင်မပြေလောက်ဘူးနော်"
"မမတောင်စီးနိုင်သေးတာပဲ"
ပြောရမည်မဟုတ်သဖြင့်မပြောတော့။
"ကဲ ဒါဆိုလာ"
တကယ်လဲ ကားပေါ်ကျ သဲအဆင်မပြေ။ ကျိိတ်မှိတ်ပြီး ရအောင်တော့လိုက်လာတယ်။
ရွှေမိုးသဲရဲ့ ပထမဆုံးကျောင်းတက်ရက်ကတော်တော်ပင်ပန်းသွားတာတော့အမှန်ပင်။
" သဲ ညနေကျ အိမ်ကကားနဲ့ပြန်လိုက်နော် လိမ္မာတယ်"
YOU ARE READING
BAD GIRL
Short Storyမမကို ချစ်တဲ့ ကလေးဆိုးလေး အကြောင်းပါ။ ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားလို့ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးပါပဲ 😊