4

1.5K 78 0
                                    

လွန်းတို့ ဒုတိယနှစ် စာမေးပွဲနောက်ဆုံးနေ့ဖြစ်သလို သဲအတွက်လဲ ပထမနှစ် နောက်ဆုံးနေ့။
စာမေးပွဲဖြေပြီး သဲက တနေရာရာသွားမယ်ပြောထားသည်။
လွန်းက အတန်းရှေ့ကပဲ သဲအလာကိုစောင့်နေတုန်းမှာ မင်းထင်ရောက်လာတယ်။

"မြလွန်း"

"ဟင် မင်းထင် ဖုန်းမဆက်ဘာမဆက်နဲ့ ဘာလာလုပ်"

"နင်တို့ စာမေးပွဲပြီးတဲ့နေ့မလို့ တမင်လာတာ။ ဘယ်သွားချင်လဲ ငါလိုက်ပို့မယ်"

"သဲ လာလိမ့်မယ် သူအပြင်သွားမယ်ပြောထားလို့"

"နင့်ဆရာမလေးက ငါနဲ့ဆို လိုက်ပါ့မလား"

ပြောနေရင်းနဲ့ သဲက သူတို့ဆီ လျောက်လာတာတွေ့လိုက်တယ်။ ဘေးမှာ နေသွေးလဲ ပါလာတယ်။

"မမ သွားကြမယ်လေ"

ရွှေမိုးသဲတို့ ထုံးစံအတိုင်း ဘေးလူကိုမနှုတ်ဆက်။ သူခေါ်ချင်တဲ့သူကိုသာစကားပြောတယ်။

"သဲ ဒီမှာ မင်းထင်က တနေရာရာလိုက်ပို့မယ်ပြောနေတယ်"

"ကျတော်လဲ လိုက်မှာနော်"
နေသွေးကဝင်ပြောတယ်။

"သဲ ဘယ်သွားချင်လဲ"

လွန်းက သဲကို မေးလိုက်တယ်။

"မမသဘောပါ။ ဘယ်သွားသွားရတယ်။ လောလောဆယ်တော့ တခုခုသွားစားမှဖြစ်မယ်"

လွန်းတို့ လေးယောက် စားသောက်ဆိုင်အရင်သွားလိုက်ကြတယ်။
ဟိုကျတော့ မင်းထင်က လွန်းကြိုက်တဲ့ ငါးဟင်းပွဲတော်တော်များများမှာပေးတယ်။

"ဟဲ့ ဘာလို့ ငါးတွေပဲမှာနေတာလဲ"

"နင်ကြိုက်တယ်လေ"

"သူများတွေကြိုက်ချင်မှ ကြိုက်မှာပေါ့"

"ကျတော်လဲ ငါးကြိုက်ပါတယ်"

နေသွေးကတော့ အလိုက်သင့်လေးပြန်ပြောတယ်။
သဲကတော့ မျက်မှောင်လေးကျုတ်ပြီး ငြိမ်နေတယ်။
ဟင်းပွဲတွေလာချတော့ သဲက ငါးပါတဲ့ ဟင်းပွဲတွေ လုံးဝမထိ။

လွန်းက အသားနွာပြီးသားလေးတွေ သဲပန်းကန်ထဲထည့်ပေးလိုက်တယ်။ သဲက သူ့ကိုတချက်ကြည့်တယ်။
သဲလိုပဲ ဘေးက နှစ်ယောက်ကလဲ လွန်းကို ကြည့်နေတယ်။

BAD GIRLWhere stories live. Discover now