နောက်နေ့မနက်ကျ သဲရဲ့ကားလေးကိုမတွေ့ရတော့။ ကျောင်းရောက်တော့လဲ လွန်း အတန်းထဲပဲ တန်းဝင်နေလိုက်တယ်။ ရွှေမိုးသဲကို သူချစ်မိသလောက် သူ့ကြမ်းတမ်းမှုတွေကို လွန်း ကြောက်လာတယ်။ တခါတလေလဲ သူ တယောက်ထည်း ဘယ်လိုဖြစ်နေလဲ တွေးမိပြီး သနားလာရပြန်တယ်။ ကိုယ့်အပေါ် တွယ်တာလွန်းတဲ့ သူ့ကို သတိရမိပြန်တယ်။ သူ့ရဲ့အနိုင်ယူမှုတွေကိုလဲ မုန်းတီးမိတယ်။
ရွှေမိုးသဲဆိုတဲ့ ဆိုတဲ့ ခေါင်းစဥ်အောက်မှာ
ခံစားချက်ပေါင်းများစွာ ရှုပ်ထွေးနေခဲ့ပြီး ဘယ်ခံစားမှုဆီကမှ သူ မလွှတ်မြောက်နိုင်ခဲ့။ သူ သဲနဲ့မတွေ့ပဲနေလာတာ တလကျော်သွားခဲ့ပေမယ့် တရက်မှ သဲကို မေ့လို့မရ။ သူဘာလုပ်နေလဲ ဘာဖြစ်နေလဲ သိချင်တဲ့စိတ်တွေနဲ့ နေသားကျပြီး နေတတ်အောင်သာ နေလိုက်တော့တယ်အဲ့နေ့ညက ၉နာရီလောက်ကြီး သဲတို့ ကားသမားဦးလေးကြီး ဖုန်းဆက်လာတယ်။
"ဟယ်လို သမီး လွန်း သဲလေးကို ခေါ်လိုက်ပါကွယ်
"ရှင်"
ရုတ်တရက်ပြောလာတဲ့စကားကြောင့် ဘာပြန်ပြောရမလဲ မသိ။"သမီးနဲ့ မတွေ့ဖြစ်တဲ့အချိန်တွေ သဲလေးကတော်တော်ကိုဆိုးလာတယ်။ အိမ်မှာ လဲ သူ့အဖေနဲ့ တကြပ်ကြပ်။ ဘာပြောပြောကိုနားမထောင်တော့တာ။ သမီးတို့ ဘာဖြစ်ကြတယ်တော့ မသိဘူး သဲက ကျောင်းလဲ မတက်တော့တာ တလေလာက်ရှိနေပြီ"
"ရှင်...."
ရွှေမိုးသဲကို ဘယ်သူမှမနိုင်ပါလာ။"ခုလည်း သူ ဆိုင်တဆိုင်မှာ ထိုင်နေတာ ခုထိ ပြန်ခေါ်လို့မရဘူး"
"သဲ အဖေက ဒီချိန်ကြီး လွှတ်တာပဲလား"
"သူ့အဖေမရှိလို့ပေါ့ကွယ်။ ဆရာကြီးက နိုင်ငံခြားသွားတယ်။ အဲ့တာဦးလေးလဲ ဘာလုပ်ရမလဲ မသိလို့ သမီးလာခေါ်ပေးပါလား။ ဦးလေး လာခေါ်ပါ့မယ်"
ကားသမားဦးလေးကြီးနဲ့ သူရှိတဲ့ဆိုင်ကိုလိုက်သွားလိုက်တယ်။
ဆိုင်ထဲ ဝင်သွားလိုက်တော့ မိန်းကလေးသူငယ်ချင်းတွေနဲ့ထိုင်ပြီး အရက်သောက်နေကြပုံပေါ်တယ်။
လွန်း သူ့နားသွားလိုက်ပြီး ပုံခုံးပေါ်လက်လေးတင်ပြီး ခေါ်လိုက်တယ်။
"ရွှေမိုးသဲ"
သဲက တချက်လှည့်ကြည့်ပြီး မြလွန်းသစ္စာမှန်းသိတော့ ဆွေးဆွေးမြေ့မြေ့လေး ကြည့်နေတယ်။ နောက်ပြီး ပုခုံးပေါ်ရောက်နေတဲ့ လွန်းရဲ့လက်ကို ဖယ်ချပြီး သူ့ဘာသာဆက်ပြီးထိုင်နေတယ်။
YOU ARE READING
BAD GIRL
Short Storyမမကို ချစ်တဲ့ ကလေးဆိုးလေး အကြောင်းပါ။ ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားလို့ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးပါပဲ 😊