3

1.4K 85 0
                                    

နောက်ပိုင်း ကျောင်းကို မင်းထင်က မကြာခဏလာသလို နေသွေးကလဲ ရွှေမိုးသဲ အနီးတဝိုက်မှာ အမြဲရှိနေတတ်တယ်။

"မမ ကိုမင်းထင်က မမကို ရည်းစားစကားပြောပြီလား"

ကန်တင်းမှာ ထိုင်နေကြရင်း သဲက ရုတ်တရက်မေးလာတယ်။

"ဟင့်အင်း သူက ရိုးရိုးသားသားပါ"

"မဖြစ်နိုင်တာ မမရယ်။ တကယ်လို့ သူ ဖွင့်ပြောလာ ရင် မမ လက်ခံမှာလား"

သဲက သူမေးချင်တာအတင်းမေးနေတယ်။
မင်းထင်က သူ့ကိုခုထိတော့ ဘာမှမပြောသေးပေမယ့် တရက်တော့ ဖွင့်ပြောလာလိမ့်မယ်ဆိုတာ လွန်းသိနေတယ်။ ငယ်တုန်းကလို သူဌေးသား ခပ်ပေါ့ပေါ့ပုံစံမျိုးမဟုတ်တော့။ မင်းထင်က တော်တော်လေး လူကြီးဆန်လာပြီး ခုဆို သူ့အဖေက companyကိုလွဲထားလို့ရတဲ့အဆင့်ဖြစ်နေပြီ။ လွန်း အနေနဲ့ ဘဝအတွက် စဥ္းစားသင့်တဲ့ယောင်္ကျားတယောက်ဖြစ်တာ​ေတာ့ အမှန်။

"မမ ဖြေလေ"

ရွှေမိုးသဲက ထပ်မေးတယ်။

"မမ မပြောတတ်ဘူးလေ။ ကိုယ့်လဲ ဘာမှ လာမပြောသေးတဲ့အရာကို စဥ္းစားစရာလိုလို့လား"

ပြောနေကြတုန်းမှာပဲ သူတို့ဝိုင်းကို နေသွေး ရောက်လာတယ်။

"မိုးသဲ ရောက်နေတာကြာပြီလား"

သဲက နေသွေးအပေါ် အရင်လို ခါးခါးသီးသီး မဆက်ဆံတော့ပဲ သူ့နားလာတာကို လက်ခံပေးထားခဲ့တယ်။ နေသွေးကလဲ သူ့အနွံတာ တော်တော်ခံတယ်မလား။

"နေသွေးရောက်လာပြီလား မမတို့က ခုမှ စားစရာမှာထားတာ"

သဲက စကားပြန်မပြော၍ လွန်းကသာဝင်ပြောလိုက်ရတယ်။

"ဟုတ် မမ ကျွန်တော်လဲ မှာလိုက်တော့မယ်"

စားစရာတွေရောက်လာတော့ စားနေတုန်းပဲ

"နေသွေး တို့ကို ရေခဲမုန့်ဝယ်ပေးပါလား"

နေသွေးကလည်း စားနေတာရပ်ပြီး ချက်ချင်းသွားဝယ်ဖို့ ပြင်တယ်။

"စားပြီးမှ သွားလေ"

လွန်းကဝင်ပြောလိုက်တယ်။

"ခုစားချင်တာ"

"ရတယ် မမ ကျနော် သွားဝယ်လိုက်မယ်"

BAD GIRLWhere stories live. Discover now