5

1.6K 87 0
                                    

နောက်နေ့မနက်ကျ သဲက အစောကြီး ဖုန်းဆက်ပြီးမေးရှာတယ်။

"ဟယ်လို မမ နေလို့ကောင်းပြီလား"

"အင်း"

"ခဏနေထွက်လာမယ်နော်"

"အင်း"

မမက အဆင်ပြေတာကောဟုတ်ရဲ့လားမသိ။
ရွှေမိုးသဲ ကျောင်းသွားဖို့ ထွက်လာတော့ အိမ်ရှေ့မှာ နေသွေးက စောင့်နေတယ်။

"မိုးသဲ ညကဖုန်းဘာလို့ပိတ်ထားတာလဲ။ စိတ်ပူလို့ လာကြိုတာ"

ကားတံခါးလေးကို ဖွင့်ပြီး တက်ခိုင်းတယ်။

"တို့ မမကိုသွားခေါ်ရအုံးမှာ"

"လာလေ ကိုယ်နဲ့တူတူသွားခေါ်ကြမယ်"

ရွှေမိုးသဲ ဘာမှ မပြောတော့ပဲ ကားပေါ်တက်လိုက်တယ်။

သဲက ခဏနေ ထွက်လာမယ်ဆိုလို့ လွန်း အိမ်အောက်ဆင်းပြီး စောင့်နေလိုက်တယ်။ ခဏနေတော့ နေသွေးကားလေးနဲ့ သဲတို့နှစ်ယောက် ရောက်လာကြတယ်။
လွန်းကိုတွေ့တော့ သဲက ဆင်းလာပြီးခေါ်တယ်။

"မမလာလေ"

သဲက လွန်းရဲ့လက်ကိုဆွဲပြီး နောက်ခန်းထဲဝင်ထိုင်တယ်။

"ရှေ့မှာ ထိုင်လိုက်ပါလား"

လွန်းက နေသွေးကို အားနာ၍ ပြောလိုက်တယ်။
သဲက ခေါင်းခါပြတယ်။

"ရပါတယ် မမတို့ ထိုင်ကြပါ"

နေသွေးကတော့ ရွှေမိုးသဲ စိတ်တိုင်းကျ နာခံသူမလား။

လမ်းမှာ  သဲနဲ့လွန်းတို့ စကားမပြောကြပေ။ ကျောင်းထဲရောက်တော့ စောနေသေးတာနဲ့ နေသွေးက တခုခုသွားစားမယ်ပြောတယ်။

"ကန်တင်းဘက်သွားရအောင်လေ"

"မနက်ကလည်း ကိုယ့်သဘောနဲ့ကိုယ်လာခေါ်တယ်။ ခုလဲ ယူ့စိတ်တိုင်းကျခေါ်နေပြန်ပြီ။ ယူကတော်တော်အလိုက်မသိတာပဲ"

ရွှေမိုးသဲက ရုတ်တရက် ထဖောက်တယ်။ လွန်းလဲ နေသွေးကိုအားနာသွားတယ်။

"သဲ ဘာလို့ အဲ့လိုပြောရတာလဲ"

"အဖြေပေးလိုက်ပြီဆိုတာနဲ့ လုပ်ချင်တိုင်းလုပ်လို့ရပြီထင်လို့လား"

BAD GIRLWhere stories live. Discover now