Part-15

81 6 7
                                    

Unicode
"Ren... မင်းဆုံးဖြတ်ပြီးတာ သေချာလို့လား။"

"သေချာတယ်Adam... ကျွန်တော်ဒီထက်ပိုပြီး ကြောက်မနေတော့ဘူး။"

Renနှင့် Adamတို့သည် ချောင်ကျသော ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်နေကြသည်။ Renသည် ဘီယာကိုမော့သောက်ပစ်လိုက်ရင်း အသံကျယ်ကျယ်နှင့် ပြောလာသည်။

"ကျွန်တော့်အဖေက အစ်ကိုတွေကိုပဲဂရုစိုက်တာလေ။ ကျွန်တော်ကအားနည်းတယ်။ အဲဒါကြောင့် ကျွန်တော်လည်း သူတို့ကိုဂရုမစိုက်တော့ဘူး။"

Renဒီလောက်စိတ်ဓာတ်ကျနေသည့်ပုံကို Adamတစ်ခါမှ မမြင်ဖူးခဲ့ပေ။ Renက ငယ်စဥ်ကတည်းက သွက်လက်ကာချစ်ခင်စဖွယ်ကောင်းသည့် လူငယ်လေးဖြစ်သည်။ သို့သော် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်းငြိမ်သက်ကာ အသက်မဲ့လာခဲ့သည်။

"အဖေက ကျွန်တော့်ကိုပညာပဲဆက်သင်ပြီး အစ်ကိုကြီး အတွက်အထောက်အပံ့ပဲ ဖြစ်စေချင်တာ။ ကျွန်တော်က စီးပွားရေးကိုဝါသနာမပါဘူး။ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ ကိတ်မုန့်ဆိုင်ကိုလည်း သူတို့ဖွင့်မပေးဘူး။ သင်တန်းလည်းတက်ခွင့်မရဘူး။ သူတို့ဖြစ်ချင်တာကိုပဲ အမြဲရွေးချယ်ခဲ့တော့ အခု ကျွန်တော်သဘောမကျတာတွေကို လုပ်နေရပြီ။"

Ren၏ အစ်ကိုသုံးယောက်တွင် စီးပွားရေးလုပ်ငန်းများကို အစ်ကိုကြီးကဦးဆောင်ကာ အစ်ကိုလတ်က အစိုးရပိုင်းတွင် ရာထူးတစ်ခုရှိနေပြီဖြစ်ပြီး အစ်ကိုငယ်ကတော့ လုပ်ငန်း၏ သုတေသနပိုင်းတွင် ခေါင်းဆောင်တစ်ဦးဖြစ်နေလေပြီ။ Renကတော့ အစ်ကိုများနှင့်မတူဘဲ ကိတ်မုန့်ဆိုင်လေးဖွင့်ချင်ခဲ့၍ မိဘများကခွင့်မပြုခဲ့ပေ။

"ကျွန်တော်က ချမ်းသာတဲ့ဘဝကိုမလိုချင်ပါဘူး။ ကျွန်တော်သဘောကျတာကိုလုပ်နေရရင် ကျေနပ်ပြီ။ အခြေနည်းနည်းကျသွားတဲ့အခါကျ ကိတ်မုန့်ဆိုင်သေးသေးလေးဖြစ်ဖြစ် ရအောင်ဖွင့်မယ်။"

သူငယ်စဥ်ကတည်းက သူ့ဖခင်ကသူ့ကိုအသိအမှတ်ပြုတာကို လိုချင်ခဲ့သည်။ သို့သော် သူ့မှာပါရမီမျိုးစေ့ကပါမလာလို့ဘဲလားမသိ။ သူမည်မျှပင်ကြိုးစားစေကာမူ အစ်ကိုများကိုဘယ်တော့မှ မမီနိုင်ခဲ့ပေ။ သူ့ဝါသနာများကိုပင်ဘေးချိတ်ကာ အမြဲပြုံးရွှင်တတ်သော၊ ပေါင်းသင်းဆက်ဆံရေးကောင်းသော လူငယ်လေးတစ်ယောက်ဖြစ်အောင် အမြဲကြိုးစားခဲ့ရပြီး ပင်ပန်းမှုများသာ အဖတ်တင်လာခဲ့သည်။ နောက်ဆုံးတော့ သူ့နည်းလမ်းအတိုင်း သူ့ဘဝသူရှင်သန်ရန် ဆုံးဖြတ်ကာ ထွက်ခွာနိုင်ခဲ့ပြီဖြစ်သည်။

အချစ်ဆုံးသို့Where stories live. Discover now