Part-30

199 10 6
                                    

Unicode

Akiraသည် ဒဏ်ရာအရှိန်ကြောင့် အားနည်းလာပြီး အတော်လေးအေးလာလေသည်။ ထို့ကြောင့် ဘေးတွင် ထိုင်နေသော Shiroကို စမ်းလိုက်လေတော့ သူထိတ်လန့်သွားရသည်။ နဖူးပြင်ကပူလောင်နေကာ ခြေလက်များကတော့ ရေခဲအတိုင်းပင်။

"Shiro!!"

Akiraသည် Shiroကို စိတ်ပူစွာ ရင်ခွင်ထဲဆွဲပွေ့ထားလိုက်ပြီးနောက် ထိုကောင်လေးနွေးထွေးစေရန် အတတ်နိုင်ဆုံးကြိုးစားနေမိသည်။

အဖျားတက်နေသော်လည်း ခန္ဓာကိုယ်က နွေးလာတာကြောင့် Shiroသည် မျက်လုံးတို့ကိုအားယူကာ ဖွင့်လိုက်မိလေသည်။ သူ့ကိုထွေးပွေ့ထားသော Akiraကို မြင်လိုက်ရချိန်မှာတော့ သူ့လက်မောင်းတစ်ဝိုက်တွင်ရှိနေသည့် ထိုလူကြီး၏ လက်ဖျံကိုအရင်စမ်းလိုက်မိလေသည်။

Akiraသည်လည်း အေးစက်နေမှန်းသတိထားမိလေတော့ သူ့လက်ကျန်ခွန်အားလေးနှင့် သူ့အနွေးထည်ကိုချွတ်ရန်ကြိုးစားလိုက်သော်ငြား မအောင်မြင်ပေ။

"လိမ္မာတယ်။ ငြိမ်ငြိမ်လေးနေနော်။"

Akiraသည် သူ့ပါးပြင်နှင့် Shiro၏နဖူးပြင်ပေါ်သို့ ကပ်ထားလိုက်သည်။ အေးစက်သောပါးပြင်သည် အပူရှိန်ကိုလျှော့ကျစေသော်ငြား Shiroကတော့ ရုန်းကန်ချင်နေဆဲပင်။

Akiraကိုယ်တိုင်ကလည်း သွေးများဆုံးရှုံးထားသည့်အပြင် တစ်ကိုယ်လုံးလည်းနာကျင်နေတာကြောင့် အားသိပ်မကျန်တော့ပေ။ သို့သော် ကယ်ဆယ်ရေးက ရောက်မလာသောအချိန်တွင် Shiroကိုတစ်ခုခုဖြစ်မသွားစေချင်။ ညဘက်တွင်လည်း အန္တရာယ်ပိုများတာကြောင့်နေရာပြောင်းလို့မရသေးပေ။

မနက်လင်းရင်တော့ သစ်ပင်ပေါ်မှနည်းလမ်းရှာဆင်းကာ အစာရေစာရှာပြီး ပတ်ဝန်းကျင်ရှိ လုံခြုံရေးတစ်ခုခုနှင့် ဆက်သွယ်ရန် ဆုံးဖြတ်ထားသည်။ သို့သော် မနက်အထိ သူသတိမလစ်သွားဘဲ တောင့်ခံနိုင်ပါ့မလားမသေချာပေ။

Akiraသည် Shiroကိုတင်းကြပ်စွာဖက်ထားလိုက်ရင်း အတတ်နိုင်ဆုံးနှစ်သိမ့်နေမိသည်။ Shiroသည်လည်း ဆက်မရုန်းတော့ဘဲငြိမ်သက်သွားလေသည်။ နှစ်ဦးသားသည် တိတ်ဆိတ်စွာထိုင်နေကြပြီးနောက် ကျေးငှက်တို့၏အော်မြည်သံများနှင့် သားရဲတို့၏ဟိန်းဟောက်သံများကိုသာ နားထောင်နေကြသည်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Sep 21, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

အချစ်ဆုံးသို့Où les histoires vivent. Découvrez maintenant