Unicode
"အင်း"Shiroသည် သက်ပြင်းချလိုက်ကာ နေရာမှထလာပြီးနောက် စားပွဲတွင် ထိုင်လိုက်လေသည်။
"ခင်ဗျားရော မစားရသေးဘူးမလား။"
"အင်း။ မင်းတစ်ယောက်တည်းပဲစားချင်တယ်ဆိုလည်း ကိုယ်ပြန်လိုက်ပါ့မယ်။"
"လာထိုင်လေ။"
Shiroသည် မပြုံးမရယ်ရှိနေဆဲပင်။ သို့သော် သူ့အပေါ်တော့ အရမ်းကြီးမမုန်းတော့လောက်ဟု သူထင်လိုက်မိသည်။ ထိုကောင်လေးစိတ်မပြောင်းခင် ခပ်မြန်မြန်ထိုင်လိုက်ပြီးနောက် ပါဆယ်ထုပ်ကိုဖောက်လိုက်လေသည်။ ခေါက်ဆွဲနံ့သင်းသင်းလေးသည် လေထုထဲတွင်ပြန့်လို့သွားသည်။
Akiraသည် Shiroဘက်သို့ ခေါက်ဆွဲပန်းကန်နှင့်တူကို ပို့ပေးလိုက်ကာ ပြောလာသည်။
"မင်းကြိုက်တယ်ဆိုရင် နောက်တစ်ခါဆိုင်မှာသွားစားကြမယ်လေ။"
"အင်း"
Shiroသည် ခေါက်ဆွဲကို နှစ်ခြိုက်စွာစတင်စားလိုက်ချိန်မှာတော့ Akiraသည်လည်း စားသောက်လိုက်သည်။
"ကောင်းတယ်မလား"
"အရသာရှိတယ်"
ပျော်ပျော်ရွှင်ရွှင်နှင့် အားရပါးရစားသောက်နေသောAkiraကို Shiroတစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် သူ့နှုတ်ခမ်းတို့သည် တိတ်တိတ်ကလေး ကွေးညွတ်သွားခဲ့လေသည်။
"ဒီပိတ်ရက်မှာ ညီလာခံရှိတယ်နော်။ မင်းသွားဖို့ အဆင်ပြေပါ့မလား။"
"ကျွန်တော်နေပြန်ကောင်းနေပြီပဲလေ။ ပြီးတော့ မသွားလို့မှမရတာ။"
Akiraတွေးမိသည်။ ထိုတစ်ကမ္ဘာလုံးဆိုင်ရာ စွန်ဦးတီထွင်သူများတွေ့ဆုံပွဲနှင့် စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ညီလာခံတွင် သူလည်းရှိနေမည်ဆိုသော်ငြား ဖိတ်ကြားထားမှုသည် စည်းစနစ်ကျပြီး ထိုင်မည့်နေရာကအစ ကိုယ့်နံပါတ်နှင့်ကိုယ်ဖြစ်သည်။ တက်ရောက်မည့်လူအရေအတွက်ကိုလည်း ကြိုတင်အကြောင်းကြားထားရသည်။
ကုမ္ပဏီတိုင်းသည်လည်း တက်ရောက်ခွင့်မရှိသလို အရှိန်အဟုန်ဖြင့်တိုးတက်လာသော Shiro၏ လုပ်ငန်းသည်ပင် နောက်ဆုံးနားမှကပ်၍ ဖိတ်ကြားခံရခြင်းဖြစ်လေသည်။ မူရင်းဇာတ်လမ်းတွင်တော့ Fukumura Groupလက်အောက်ခံအနေနှင့် ဖိတ်ကြားခံခဲ့ရကာ Shiroသည် အကြပ်အတည်းထဲမှ တက်ရောက်ခဲ့ရသည်။ ထိုဖိတ်ကြားချက်သည်လည်း လူလည်ခေါင်တွင် အရှက်ခွဲလိုသော ရည်ရွယ်ချက်ဖြင့်သာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
أنت تقرأ
အချစ်ဆုံးသို့
عاطفيةAkiraသည် ဝတ္ထုထဲမှ ဗီလိန်တစ်ဦးကို ချစ်မြတ်နိုးခဲ့သည်။ ထိုဗီလိန်သေဆုံးသွားချိန်တွင်တော့ သူနာကျင်ခံစားခဲ့ရသည်။ သူပြောချင်ခဲ့သည်။ သူသာဆိုလျှင် ထိုလူသားကို အပျော်ရွှင်ဆုံးသူဖြစ်အောင် ထားပေးနိုင်ပါသည်ဟူ၍။ တကယ်မတည်ရှိသော ထိုလူသားကိုချစ်မြတ်နိုးရင်း သူမခံ...