အပိုင်း(၃၂) Arc-3 ဖယောင်းလူသားပွဲတော်

2.4K 350 6
                                    

✨၁၀ရက်နေ့ပြီးမှတင်မယ်ပြောထားပေမယ့် စာလုပ်ပြီးအားနေလို့ ရေးထားတာလေးတင်လိုက်ပါတယ်✨

ဘတ်စ်ကားရှေ့ တစ်ဝက်လောက်မှ လှောင်ပြောင်သံတစ်သံ ကြားလိုက်ရ၏။

"ဒါဆို မင်းတို့ရဲ့ ဖယောင်းလူသားမြို့က တော်တော်လေး အစွမ်းထက်သားပဲ။ နှစ်အတော်ကြာပြီးတာတောင် မီးလောင်မှုတို့၊ မတော်တဆမှု မရှိခဲ့ဘူးလား?"

ဒရိုင်ဘာ၏ လေသံက ရုတ်ခြည်း အေးစက်သွားသည်။

"မဟုတ်ဘူး၊ ငါတို့မြို့ကလူတွေက မီးဘေးလုံခြုံရေးကို အရမ်းဂရုစိုက်တယ်"

"မီးဘေးလုံခြုံရေးကိုသာ ဂရုစိုက်ရင် မင်းတို့ ညဘက်မှာ ဖယောင်းတိုင်ထွန်းမှာမဟုတ်ဘူး"
ထိုလူက အပြုံးဖြင့် ဆက်ပြောပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

ဘတ်စ်ကား၏ ကျဉ်းမြောင်းသော နေရာတွင် မီးပွားများ တောက်လောင်လာကာ ဒရိုင်ဘာအိုကြီးက သူ့ကို ကြိမ်းမောင်းလိုက်၏။

"ကားပေါ်မှာ ဆေးလိပ်မသောက်ရဘူး!"

ထိုလူက ရယ်မောပြီး ဆေးလိပ်ကို နှစ်ရှိုက်လောက်ဖွာပြီးမှ ငြိမ်းလိုက်ကာ ပခုံးတွန့်ပြသည်။

"အို၊ တောင်းပန်ပါတယ်။ မီးဘေးကင်းရေးအတွက်မှန်း သိပါတယ်"

ဒရိုင်ဘာ, "......"

"ကျုပ်တို့ မှတ်တိုင်ကို ရောက်နေပြီ။ စေတနာ့ဝန်ထမ်းတွေ ကျေးဇူးပြုပြီး ဘတ်စ်ကားပေါ်က ဆင်းကြပါ"

ထိုအမျိုးသား ယခုပြုလုပ်လိုက်သော မြင့်မြတ်သလို အပြုအမူသည် ကားပေါ်ရှိ အိပ်မက်လည်ပတ်သူများအားလုံးကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

သူ့မျက်လုံးများက လူအုပ်ကို လှည့်ပတ်ကြည့်ရှုနေပြီး နောက်ဆုံးတွင် ချီနန်၏မျက်နှာပေါ်၌ ရပ်သွား၏။ သူက လက်ဝှေ့ယမ်းပြီး ခေါ်လိုက်သည်။

"မျက်မမြင်ကလေး၊ တကယ်ပဲမင်းပဲ!"

ချီနန်က အံ့ြသသွားသည်။

"ဦးလေးယွီ"

"ဟားဟား၊ မင်းငါ့ကို သတိမထားမိမှာကို စိုးရိမ်နေတာ။ တိုက်ဆိုင်လိုက်တာ"

လူအိုကြယွီသည် တချက်ကြည့်ကာ ချီနန်၏ မျက်လုံးများကို အလိုလို စိုက်ကြည့်မိသွားသည်။ ထို့နောက် သူသည် ချီနန်ဘေးမှ ယဲ့ချန်ဆီသို့အကြည့်လွှဲလိုက်၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now