အပိုင်း(၈၁) Arc-5 အဝေးပြေးလမ်းမ 404

1.2K 143 5
                                    

လိုက်လျောညီထွေရှိသော စည်းချက်ဖြင့် နှေးကွေးသော ဂီတသံကြောင့် ချီနန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်‌ေနရာမှ တဖြည်းဖြည်း နိုးထလာခဲ့သည်။

သူမျက်လုံးမဖွင့်ထားရင်တောင် သူ့မျက်နှာပေါ်က နွေးထွေးတဲ့ နေရောင်ခြည်ကို ခံစား‌ေနရ၏။ လေထုက ခြောက်သွေ့ဖုန်ထူကာ သားရေအနံ့နှင့် ပြည့်နေပြီး ဓာတ်ဆီအနံ့အနည်းငယ်နှင့်လည်း ရောစပ်နေ‌ေလသည်။

သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်သွားပြီး ထို့နောက် ချီနန်နှင့် ကားပေါ်ရှိ အိပ်မက်လည်ပတ်သူများ အားလုံး နိုးလာခဲ့ကြသည်။

နေရောင်ခြည်က ပြင်းထန်လွန်းသဖြင့် လူတိုင်းက သူတို့မျက်လုံးကို ဖုံးရန် အလိုလို လက်ဆန့်လိုက်ကြ၏။ သူတို့က သူတို့၏ လက်ချောင်းကြားမှတဆင့် တောက်ပသော အလင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ဖြည်းဖြည်းချင်း ကျင့်ယူလိုက်ကြသည်။

ချီနန်က မျက်တောင်အနည်းငယ် ခတ်လိုက်ပြီးမှ သူက ခုံခုနစ်ခုံပါသည့် SUV ကားနောက်တန်း၊ ညာဖက်ပြတင်းပေါက်ခုံတွင် ထိုင်နေမှန်း သတိပြုမိလိုက်၏။ ကားပေါ်မှာ လူလေးယောက်ရှိနေသည်။ ရှေ့တွင်ကားဒရိုင်ဘာရှိပြီး ဒုတိယတန်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေကာ အမျိုးသမီးငယ်တစ်ဦးက သူ၏ဘေး ဘယ်ဘက်ပြတင်းပေါက်ခံုတွင် ထိုင်နေ၏။

၎င်းတို့အနက် ဒုတိယတန်း၏ ဘယ်ဘက်ခြမ်းရှိ လှိုင်းတွန့်ဆံပင်ပုံစံနှင့် အမျိုးသမီးကို ချီနန်အလွန်ရင်းနှီးသည်ဟု ခံစား‌ေနရသည်။

ခရီးသည်အားလုံး နိုးလာပြီး အလင်းကို ကျင့်သားရအောင် လုပ်ပြီးသည်နှင့် ဤအိပ်မက်ဆိုးကို စတင်စူးစမ်းလာကြ၏။

ကားသည် တစ်နာရီ ကီလိုမီတာ 60-80 နှုန်းဖြင့် ဘာမှမရှိသော အဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းနှင်‌ေနခဲ့သည်။ နေက အရမ်းပူ၍ အရေပြားကို ထိခိုက်စေသော်လည်း ကားဒရိုင်ဘာကတော့ ပျော်နေသည့်ပံုပင်။ သူက ခရီးထွက်နေသကဲ့သို့ သီချင်းလေးတောင် ညည်း‌ေနလိုက်‌ေသးသည်။

ဒရိုင်ဘာက ခရီးသည်များ၏ နိုးလာသည်ကို ခံစားမိပြီး ဝမ်းသာအားရ လေချွန်လိုက်၏။ 
"အဝေးပြေးလမ်းမ 404 ခရီးစဉ်မှ ကြိုဆိုပါတယ်"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now