အပိုင်း(၄၉)

1.4K 281 9
                                    

လူအိုကြီးယွီက ချီနန်ကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ 
"မင်းရဲ့မေးခွန်းက သာမန်ကိုမဟုတ်တာ။ အဲဒီလို အခြေအနေမျိုး ငါတစ်ခါမှ မကြားဖူးဘူး”

ချီနန် : "……"

“အိပ်မက်ဖန်တီးသူတွေနဲ့ လည်ပတ်သူတွေက တစ်တန်းတည်းမှာ မရှိခဲ့ဖူးဘူး။ သူတို့က လွှမ်းမိုးချုပ်ကိုင်ထားတဲ့သူ‌ေတွဖြစ်ပြီး ငါတို့က သူတို့လက်ထဲ ထည့်ကစားခံနေရတဲ့ သားကောင်‌ေတွပဲ။ အမှန်တရားကို မင်းသိနေမှတော့ သူ့ကို တွယ်တာ‌ေနစရာ မလို‌ဘူး”

လူအိုကြီးယွီသည် ချီနန်၏ အလားအလာအပေါ် အလွန်အကောင်းမြင်ခဲ့ပြီး အခြားအချက်များက အိပ်မက်ဆိုးကမ္ဘာတွင် ချီနန်၏စွမ်းဆောင်ရည်ကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူသတိပေးရခြင်းဖြစ်၏။

ချီနန်က ခေါင်းညိတ်သည်။
“တကယ်လား? ကျွန်တော်က သူတို့တွေက ဝန်ဆောင်မှုပေးတဲ့သူတွေဖြစ်ပြီး ကျွန်တော်တို့က ဖောက်သည်တွေလို့ ထင်ခဲ့တာ"

ဖောက်သည်က ဘုရားသခင်ဖြစ်သည်။ လူ့အဖွဲ့ အစည်းသည် ဤနည်းအတိုင်း အမြဲကျင့်သံုးခဲ့သည်ကို ချီနန်သတိရမိ၏။

လူအိုကြီးယွီ၏ နှုတ်ခမ်းများ တွန့်သွားပြီးမှ ပြုံးပြလိုက်သည်။ 
“မင်းပြောနေတာက အိပ်မက်ဖန်တီးသူတွေကို ဝန်ဆောင်မှုပေးတဲ့ အလုပ်သမားတွေအဖြစ် ပြောနေတာပဲ။ မင်းတကယ်ကြီး အိပ်မက်ဆိုးကမ္ဘာကို ပန်းခြံက သရဲအိမ်လို့ ထင်နေတာလား?"

ချီနန်က သူ့ဟာသူတွေးလိုက်သည်။
'မဟုတ်လို့လား? အလကား စားသောက်လို့ရပြီး မတူတဲ့ အရာတွေကိုလည်း တွေ့ကြုံခံစားလို့ရတယ်။ တစ်ခုတည်းသော အားနည်းချက်က နည်းနည်းအန္တရာယ်များတာ‌ေလးပဲ'

"ဒါပေမယ့် မင်းအိပ်မက်ဖန်တီးသူကို တကယ်တွေ့ချင်တယ်ဆိုရင်တော့ စနစ်ဆီမှာ စမ်းကြည့်လို့ရတယ်"

ချီနန်က အနည်းငယ် အံ့အားသင့်သွားကာ လူအိုကြီးယွီကို မော့ကြည့်လိုက်သည်။

“ပထမ၊ မင်းရဲ့ နှစ်သက်မှုတန်ဖိုး (ကောင်းချီးမှတ်) ကို မြှင့်တင်ရမယ်။ အိပ်မက်ဆိုးကမ္ဘာမှာ ကောင်းချီးမှတ်က ပိုက်ဆံနဲ့တူတူပဲ။ မင်းမှာ ပိုက်ဆံပိုရှိရင် ဝန်ထမ်းတွေက မင်းကို အံ့ဩတကြီး ကြည့်လာကြလိမ့်မယ် ဟုတ်တယ်ဟုတ်။ ငါထင်တာက…”
လူအိုကြီးယွီက ခဏရပ်ကာ တိတ်တိတ်လေး ပြုံးလိုက်သည်။ 
"အဲဒီအိပ်မက်ဖန်တီးသူကလည်း မင်းကို စိတ်ဝင်စား‌ေနတယ်လို့ထင်တယ်"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Hikayelerin yaşadığı yer. Şimdi keşfedin