အပိုင်း(၃၃)

1.8K 317 14
                                    

နောက်ဆုံးတွင် လူအိုကြီးယွီသည် သူ့ကံကြမ္မာကို လက်ခံလိုက်ရပြီး ‌ရှဝေနှင့်အတူ အိပ်ဆောင်တစ်ခုထဲ နေခဲ့ရလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ရွေးချယ်စရာမှမရှိတာ။

"ရှောင်ရှို့ မင်းအိပ်မက်ဆိုး ဘယ်နှစ်ခု ဖြတ်ကျော်ပြီးပြီလဲ? ရိုးရိုးသားသား‌ေပြာ။ အဲဒါမှ ငါစိတ်ချမ်းသာမှာ” 
ရှဝေသူ့လက်ကို မြှေှာက်လိုက်သည့် လုပ်ရပ်သည် ယဲ့ချန်နှင့် တစ်ခန်းထဲ‌ေနရစေရန် ပြုလုပ်လိုက်မှန်း ထင်ရှား၏။

ရှဝေက နှုတ်ခမ်းစူလိုက်သည်။ 
"တစ်ခုတည်းပဲ။ ဖယောင်းလူသားပွဲတော်က ဒုတိယအကြိမ်"

“အိုး?”

ရှဝေက သူ့ရဲ့ မယုံကြည်မှုကို မြင်ပြီး စိတ်ဆိုးတဲ့ပုံစံနှင့် ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကိုမယုံရင် ကုရှောင်းကိုမေးလို့ရတယ်။ ကျွန်တော်တို့က အတန်းဖော်တွေဖြစ်ပြီး အိပ်မက်ဆိုးကမ္ဘာထဲကို အတူတူဝင်ခဲ့ကြတာ"

ကုရှောင်းသည် လည်ပင်းတွင် အပြာရောင်ဦးခေါင်းခွံတက်တူးပါရှိသည့် ဆံပင်တိုတို‌ေကာင်လေးဖြစ်သည်။

လူအိုကြီးယွီက သက်ပြင်းချလိုက်၏။ 
"အခန်းဖော်ဖြစ်ရတာ အဆင်ပြေပေမယ့် မင်းကိုပြောပါရစေ။ ငါက အဖြောင့်ကြီး။ ပျံ့တံ့တံ့နန့်တန့်တန့် ယောက်ျားလေးတွေကို စိတ်မ၀င်စားဘူး"

ရှဝေကပြုံးပြီး ပခုံးတွန့်သည်။ 
“gayတစ်‌ေယာက်ဆီက‌နေ အကြည့်ခံရတာက အဖြောင့်ကောင်တွေဘဝမှာ တကယ်ကို ထင်ယောင်ထင်မှားအဖြစ်ဆုံး အရာသုံးခုထဲက တစ်ခုပဲ။ စိတ်ချပါ၊ ဦးလေးကြီးtypeမျိုးက ကျွန်တော့်အတွက် မဟုတ်ဘူး"

လူအိုကြီးယွီက ပြုံးလိုက်သည်။ သူသည် ချီနန်ဘေးနားရှိ ယဲ့ချန်ကို တိတ်တဆိတ်ကြည့်ပြီး တွေးလိုက်၏။
'တကယ်ကိုပဲ ဒီလူနဲ့ ငါ့ကြားက ကွာဟချက်က ကြီးလွန်းတယ်'

"ဒါဆို အမေနဲ့သမီးရယ်၊ အဲဒီကောင်လေးရယ်ကလွဲရင်၊ ဒီအိပ်မက်ဆိုးမှာ အနည်းဆုံး အိပ်မက်ဆိုးတစ်ခု ဖြတ်‌ေကျာ်ပြီးတဲ့ လူဟောင်းတွေနဲ့ ပြည့်နေတာပဲ" 
လူအိုကြီးယွီ သက်ပြင်းချလိုက်သည်။ ၎င်းက ဝမ်းသာစရာတော့ မဟုတ်‌ေပ။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်जहाँ कहानियाँ रहती हैं। अभी खोजें