အပိုင်း(၈၇)

526 116 3
                                    

ဒရိုင်ဘာက သူတို့ကို ညွှန်ကြားလာခဲ့သည်။ လုပိုင်ကျိုးနှင့်ပေ့မော့က ရှက်ရွံ့သွားကြပြီး သေချာ‌ေပါက် သူတို့ တွန့်ဆုတ်နေကြ‌ပေသည်။

သွေးတွေနှင့် အလောင်းကောင်ကြီးကို ဘယ်သူမှ မသယ်ချင်သလို အလောင်းကြီးနှင့် ဘယ်သူကမှ ကားအတူတူမစီးချင်ကြပေ။

သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။ နောက်ဆုံးမှာ ကျန်းယွီက သူတို့နှစ်ယောက်ကိုကြည့်၍ အေးစက်နေသည့်အသံဖြင့် ပြောလာ၏။

"ငါလုပ်လိုက်မယ်။ ဒရိုင်ဘာကိုယ်တိုင် ပြောသွားတာမို့လို့ အဲ့ဒါကလည်း စည်းကမ်းချက်ထဲ ပါတယ်ထင်တယ်"

သုံးယောက်ထဲတွင် တစ်ဦးတည်းသော ယောက်ျားလေး ပေ့မော့က အနည်းငယ်ရှက်သွားသည်။ သူကတုံ့ဆိုင်းစွာဖြင့် ပြောလာ၏။

"သေသွားတဲ့လူရဲ့ ခန္ဓာကိုယ်က လေးတယ်။ ငါပါ ကူသယ်ပေးမယ်"

"80 kg လေးတဲ့ ပစ္စည်းတွေကိုတောင် ငါသယ်နိုင်တယ်။ မင်းအကူအညီမလိုဘူး"

ကျန်းယွီက သူအင်တင်တင်ဖြစ်နေပြီး မလုပ်ချင်တာကို မြင်လိုက်သည်။

ပေ့မော့ ; "………"
သူရုတ်တရက်ကြီး ဘာဆက်ပြောရမှန်း မသိတော့ပေ။

ကျန်းယွီက သွေးတွေရှိ‌ေနသည့်အခန်းထဲကို ဝင်သွားပြီး ချီနန်၏တောင့်တင်းနေသော ခန္ဓာကိုယ်ကို 'မ'ရန်အတွက် ဒူးကိုကွေးလိုက်သည်။ သို့ပေမဲ့ ရုတ်တရက် သူစိမ်းတစ်ယောက်က သူမလက်ကို လှမ်းတားလိုက်၏။

"ကျေးဇူးတင်ပေမဲ့ ခရီးသည်ကို သယ်ဖို့အတွက် ငါလုပ်လိုက်ပါ့မယ်"

ချီနန်၏အခန်းထဲတွင် ရုတ်တရက်ပေါ်လာသော ဟိုတယ်ဝန်ထမ်းဝတ်စုံနှင့် လူငယ်လေးကို သူမ သတိကြီးစွာဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းကဘယ်သူလဲ?"

၎င်းက ထူးဆန်းသည်။ သူမ သေချာ စိုက်ကြည့်နေပေမဲ့ အဲ့ဒီလူ၏မျက်နှာအစိတ်အပိုင်းတွေက ဝေဝါး‌ေနခဲ့ပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူမ ရှင်းလင်းစွာမမြင်ရသလို မှတ်လည်းမမှတ်မိပေ။ သူမ၏ခေါင်းကို တစ်ခါလောက် လှည့်လိုက်ရုံနှင့်ပင် အဲ့ဒီလူငယ်လေး ရောက်လာခဲ့သည်ဆိုတာကို မေ့တော့မလို ဖြစ်နေခဲ့သည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now