Unicode
Guardian Angel (3)
အပိုင်း_၃(တချို့သော ဒဏ်ရာတွေကလည်း ကျွန်တော့်ကိုပျော်ရွှင်စေပါတယ်
ခင်ဗျားနဲ့ပတ်သတ်လာတဲ့အခါမှာပေါ့ )" ဟီးဟီး...ဟီဟီး
ဝမ်း ညီမကိုရိုက်ကြည့်စမ်း "ဟိုလူကြီးဆီကပြန်လာပြီးကတည်းက
လူစင်စစ်ကနေမြင်းဖြစ်သွားသလားထင်ရလောက်အောင်
ရှောင်ယွီဟာ တဟီးဟီးအူမြူးနေတာပင်။" ဗြန်း..!
" အမေ့..နာတယ်ဟဖြေးဖြေးရိုက်ပါ "
ဘေးကနေကျောပြင်ကိုဗြန်းကနဲဝင်ရိုက်ပေးလိုက်မှ
အသံတိတ်သွားလေရဲ့"_အခုအိမ်မက်မဟုတ်တာသိပြီလား..
_အာလားလား သိပြီ သိပါပြီ "ရှုံ့မဲ့ပြီးပြန်ဖြေနေသော ရှောင်ယွီကိုကြည့်ပြီး
ခေါင်းသာခါမိသည်။
ဟူးးးး
မနေ့တနေ့ကအထိ အူမြူးနေခဲ့သောကလေးမက ယခုလိုမျိုး အိပ်ယာထဲလှဲပြီးမစားမသောက်ပဲနေနေတာမြင်ရတော့လည်းစိတ်မကောင်းပြန်
ရှောင်ယွီ့မိဘတွေကတော့ လွှတ်ထားလိုက်လို့ပြောပေမဲ့ ကျွန်တော်စိတ်ပူတယ်
ရှောင်ယွီက ကျွန်တော်ဘဝရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို
ငယ်စဉ်ကလေးဘဝကတည်းက ကစားဖော်လည်းဖြစ်ခဲ့တာလေ
ကျွန်တော်တို့ပြည်ပကိုမပြောင်းခင်အထိပေါ့
ရှောင်ယွီ့မိဘတွေက ပါးရဲ့လူယုံတော်တွေဖြစ်ခဲ့ပြီး တအိမ်ထဲအတူနေခဲ့ကြတာလေ
ဒါကြောင့် ကျွန်တော်ပြန်လာတော့
သူတို့ကစိတ်ပူပြီးအတူလာနေခိုင်းတာ
သူမလေးရဲ့အိမ်မက်ကို အမှန်တကယ်ပင်ဖြည့်ဆည်းပေးချင်ပါတယ်
သို့ပေမယ့် သရုပ်ဆောင်အလုပ်ကတော့
ခဏနေပါဦး
သူ့လူကြီး Ken ဆိုတာကို ငါရင်းရင်းနှီးနှီးမြင်ဖူးနေပါတယ်
ဘယ်သူနဲ့တူနေတာလဲဆိုတော့ ကိုကိုနဲ့တူနေတာ
ပြောလို့မရဘူး
ကိုကိုလဲ ခုချိန်နာမည်ကြီးသရုပ်ဆောင်ဖြစ်ချင်ဖြစ်နေမှာ
သေချာအောင်သွားမေးဦးမှပါ" ရှောင်ယွီ..ဒါနဲ့လေ
နင့်လူကြီးရဲ့အနုပညာနာမည်မဟုတ်ပဲ
နာမည်ရင်းကိုသိလား "ကျွန်တော့်အမေးကိုမဖြေပဲ စောင်ကိုအတင်းဆွဲပြီး ခေါင်းမြှီးခြုံလျက်
ရန်တွေ့လာတာက
YOU ARE READING
Guardian Angel (Completed)
Romanceလျန်ရိဆိုတဲ့ ယောင်္ကျားလျာကောင်မလေးဟာ နာမည်ကြီးမင်းသား ရွှီကျန့်ရှီး@Ken ရဲ့ Guardian Angel ဆိုတဲ့ Drama series မှာ မထင်မှတ်ပဲ သရုပ်ဆောင်ရဖို့ဖြစ်လာပါတယ်။ ဇာတ်လမ်းမှာ နာမည်ကြီးမင်းသားနဲ့ ယောင်္ကျားလေးအယောင်ဆောင်ထားတဲ့ Tomboy ကောင်မလေးတို့ကြားက အချစ်...