Ep_11

637 23 0
                                    

Unicode

Guardian Angel (11)

အပိုင်း_၁၁(ဘေဘီ..ကိုယ်ဟာ
မင်းချစ်ခြင်းမှာအရည်ပျော်သွားတဲ့ ဖယောင်ရုပ်တစ်ရုပ်ပါ )

∆ONEခေါက်ဆွဲဆိုင်∆

နာမည်မြင်လိုက်တော့ ရွှီကျန့်ရှီး သူ..
သဘောပေါက်သလိုဖြစ်သွားမိသည်။

" အာ..ဒါမင်းတို့ဆိုင်လား..? "

ခွီ..!
ကိုကို့ စကားကြောင့်ထရယ်မိသည်။

" ဘယ်ကသာ ကိုကိုကလဲ
နာမည်တူတာပါဗျ "

" သိဘူးလေဟ.. ဟားးး "

" အားရီ..ပင်လယ်စာချဉ်စပ်တစ်ပွဲဗျ
ပွဲအကြီးနော်.."

လျန်ရိရဲ့အမှာစကားအဆုံး၌ ဆိုင်ရှင်ဖြစ်ဟန်တူသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးတစ်ယောက်မှာ သူတို့ဝိုင်နားသို့ရောက်
လာပြီးလျှင် လျန်ရိကိုမြင်သွားရာ

" ဟယ်...ဘယ်သူများလဲ..
သခင်လေးပါလား..
မလာတာကြာပြီနော် စိမ်းကားနေတာနာမည်ကြီးသွားတော့ "

" ဗျာ..မဟုတ်တာ တကယ်မအားလို့ပါဗျ "

" စတာပါ.. စတာပါရှင်
ကဲ..ခဏစောင့် ချက်ချင်းရမယ် "

နေရာကနေထွက်သွားမယ်ဟန်ပြင်နေပြီးမှ
မျက်နှာချင်းဆိုင်ခုံမှာထိုင်နေသော ကျွန်တော့်ကိုခုမှသတိထားမိပုံရသွားလေတဲ့ဆိုင်ရှင်

" အိုးးး ရွှီကျန့်ရှီးဟ
လက်မှတ်လေးတဆိတ်လောက်ရမလား"

" ဟာ..အားရီ
ကျွန်တော့်ကြမတောင်းဘူး "

" သခင်လေးကတခြားလူလား..
ပြီးတော့ သူကဘယ်သူလဲ ရွှီကျန့်ရှီးလေ
နာမည်ကြီးသရုပ်ဆောင်နော် ထူးချွန်ဆုတွေပါရထားတာ
သခင်လေးလဲ အဲ့ဒိလိုဖြစ်တဲ့တစ်နေ့
လက်မှတ်ယူမယ် "

" ဟားဟားးးး"

" ကျွန်တော် ဘယ်မှာလက်မှတ်ထိုးပေးရင်ရမလဲ?"

" ဒါများ မပူပါနဲ့
လာ..လာ..ဒီမှာ.. ထိုးပေးပါ
ရော့..ဘောပင်ထက်ကြီးတဲ့ဆော့ပင်နော်.."

ဟိဟိ..(လျန်ရိဆီကခပ်အုပ်အုပ်ရယ်သံထွက်လာ)

လျန်ရိကတော့တဟားဟားနဲ့သဘောတွေကျနေတာ
တော်တော်ဆိုးတဲ့ဘေဘီ
ကျွန်တော့်ကိုတမင်ဆေးထိုးချင်လို့ခေါ်လာတာနေမယ်။
ထိုအဒေါ်ခေါ်သွား‌ရာနောက်လိုက်သွားတော့
ခေါက်ဆွဲဆိုင်နံရံမှာချိတ်ထားတဲ့
သူတို့ဆိုင်က မီးနူးစာရွက်ကြီးပေါ်မှာထိုးပေးရတာ

Guardian Angel (Completed)Where stories live. Discover now