Ep_13

722 28 0
                                    

Unicode

Guardian Angel (13)

အပိုင်း_၁၃(အတိတ်မှာရော ပစ္စုန်ပန်ကာလမှာရော ခင်ဗျားတစ်ယောက်တည်းကိုသာရူးရူးမူးမူးချစ်ခဲ့ဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ် )

" ဟေး...လောင်ရှီး ထ..ထပါဦး
ပြဿနာတော့တက်ပြီ "

" အာ...ဘာလဲကွာ
စောစောစီးစီး ဘာဖြစ်လို့လဲ!"

"ဝမ်းလေ..လျန်ရိ
သူ ပြဿနာတက်ပြီကွ ကြည့် "

လျန်ရိဟုဆိုသဖြင့် စောနကမျက်လုံးတွေမဖွင့်ချင်ဖွင့်ချင်ဖြင့်ပေကပ်ပြီးဆက်အိပ်နေသော ရွှီကျန့်ရှီးတစ်ယောက်
ငေါက်ကနဲထထိုင်ကာ ဖန်းရှစ်ချီပြလာသော
ဖုန်းထဲကအကြောင်းအရာကိုယူကြည့်မိလိုက်လျှင်

" သွားပြီ...
လျန်ရိဆီသွားမှဖြစ်မယ် သူကောသိပြီးပြီတဲ့လား "

" မင်းသွားလို့မရဘူး
အိမ်ရှေ့မှာသတင်းထောက်တွေရောက်နေတယ် "

ရှစ်ချီ၏စကားကြောင့် ကပျာကယာထကာ
လိုက်ကာစကိုလှပ်ပြီးအပြင်ဘက်သို့လှမ်းကြည့်လိုက်မိလျှင်
သူတို့အိမ်ရှေ့တွင် သတင်းသမားတွေအုံခဲနေသည်ကိုမြင်လိုက်ရလေသည်။
ဒါဆို လျန်ရိနဲ့မမတို့အိမ်ရှေ့မှာလည်း
ရောက်နေကြမှာပဲ
လျန်ရိတော့လန့်နေတော့မှာပဲ

" ဟေး
လျန်ရိကိုဖုန်းဆက်ပြီးပြီလား
မမကရော ဘာပြောလဲ ?"

" ဟင့်အင် ငါလဲအိပ်ယာနိုးမှသိတာ
မင်းကိုအရင်ပြတာ "

" ဘာလုပ်နေတာလဲ မမဆီဖုန်းဆက်လိုက်
ငါက လျန်ရိဆီဆက်လိုက်မယ်
ခဏ..လုံခြုံရေးတွေကိုဆက်သွယ်ထားလိုက်
ငါအပြင်ထွက်ဖို့လိုတယ် "

" အိုကေ "

ဘယ်ခွေးကောင်ကစပြီးပါးစပ်ဖွာလိုက်တယ်မသိ
အတွင်းလူလား?
သိလို့ကတော့ ဒီတိုင်းမထားဘူး။

" သတင်းကအမှန်ပဲလား?
ဝမ်းက ရှမုံ့ယောင်ရဲ့မျိုးဆက်ဖြစ်ပြီး
ခင်ဗျားအစ်မက သူရဲ့မိထွေးဆိုတာလေ
အဲ့တော့ ခင်ဗျားတို့ကြားဘယ်လိုပတ်သတ်မှုကဘယ်လိုပြောမလဲ
သိရက်နဲ့ ဇာတ်ကားအတူရိုက်ဖြစ်တာလား? "

" ကြားရသလောက်က
ခင်ဗျားနဲ့ဝမ်းက ချစ်သူတွေဖြစ်နေကြပြီလို့ကြားတယ်
အိမ်ကို မကြာခဏဝင်ထွက်နေတာလဲမြင်တယ်တဲ့
ဒါကရောအမှန်ပဲလား? "

Guardian Angel (Completed)Where stories live. Discover now