Ep_5

736 34 0
                                    

Unicode

Guardian Angel (5)

အပိုင်း_၅(ကိုကိုလို့ခေါ် ကျိတ်ပုန်းကလေးချစ်
ရူးခဲ့ရတဲ့အဖြစ်တွေ ခင်ဗျားမသိဘူး )

ညတုန်းက မမဆီကနေဖုန်းလာတယ်
ဒီနှစ်တွေမှာ အဖိုးနဲ့အဖေက မဆက်သွယ်ကြပေမယ့်လို့ ကျွန်တော်နဲ့ကတော့မကြာခဏဆက်သွယ်ဖြစ်ကြသေးတယ်။
အခု အဖိုး..သူ့‌မြစ်ကိုတွေ့ချင်တယ်ဆိုတာက
ကျွန်တော့်ဖုန်းထဲကနေ ကလေး ဓာတ်ပုံကိုမြင်သွားလို့
မမရဲ့သား ထိုကလေးနာမည်က ' လျန်ရှန်း '
လျန်ရိ့ မောင်လေးပေါ့။

" မမ..နင် လျန်ရိ ဒီရောက်နေတာကို
ငါ့ကိုဘာကြောင့်မပြောတာလဲ ?"

" နင်က ဝမ်းကိုမုန်းနေတာမဟုတ်ဘူးလား "

" ငါက ကလေးလား မုန်းရအောင်က
အဲ့တုန်းကစိတ်တိုလို့ပြောမိတာပါဟ "

" တကယ်လား ဒါဆို..
နင့်ကို ငါပြောစရာတစ်ခုရှိတယ် "

အဲ့ဒိလိုအစချီပြီး
ညက မမနဲ့ဖုန်းပြောဖြစ်တော့
ကျွန်တော်အရမ်းအံ့အားသင့်စရာအကြောင်းတစ်ခုကိုသိလိုက်ရတယ်။
အဲ့တာကဘာလဲဆိုရင် Guardian Angel က
မမရေးထားတဲ့ဇာတ်ညွှန်းဆိုတဲ့အကြောင်း
ကျွန်တော့်အစ်မက ဘာကိစ္စနဲ့
သူ့လင်ပါသမီးကို ဝတ္ထုမှာဇာတ်ကောင်အဖြစ်ဖန်တီးပြီး ကျွန်တော့်ဆီကိုပို့လိုက်ရတာလဲ ?
မမကတော့ပြောပါတယ်
ဒီဇာတ်ညွှန်းကို ငါက နင့်အတွက်ပဲရည်ရွယ်တာပါတဲ့
အဓိကဇာတ်ကောင်က ယောင်္ကျားလျာဆိုတော့
ငါသိတာက ငါ့ဝမ်းအပြင်မရှိလို့
သူ့ကိုစိတ်ကူးယဉ်ပြီးရေးလိုက်တာ
ခုလို နင်နဲ့တွေ့ပြီး သူစိတ်မဝင်စားတဲ့သရုပ်ဆောင်အလုပ်ကိုလုပ်မယ်ဘယ်ထင်မလဲ
ခုသိသွားပြီဆိုတော့ ဝမ်းနဲ့မရိုက်ချင်လည်းရတယ်
တခြားလူသုံးပေါ့
ဝမ်းကိုတော့ သရုပ်ဆောင်မလုပ်စေချင်ဘူးတဲ့လေ၊
ကျွန်တော့်အစ်မရဲ့စကားဆုံးတော့
ကျွန်တော်က ဝမ်းမဟုတ်တဲ့တခြားလူနဲ့ ဒီဇာတ်လမ်းကိုမရိုက်ချင်ဘူးဗျ
အဲ့လိုပဲ ဝမ်းကရော ကျွန်တော်မဟုတ်ပဲတခြားမင်းသားနဲ့ဆို သူမုန်းတဲ့သရုပ်ဆောင်အလုပ်ကိုပါ့မလားလို့လေ
အဲ့တာကို ကျွန်တော်သိချင်လာတယ်၊
ဒါကြောင့် ဒီကလေးကို ဒီနေ့မှာ
ကျွန်တော်စကားအစ်ရမယ်။
ထို့ကြောင့် ဟိုကလေးမရှောင်ယွီဆိုလားကို
ရှစ်ချီနဲ့အပြန်ခိုင်းလိုက်ပြီး ပထုတ်လိုက်ရတယ်။

Guardian Angel (Completed)Tempat cerita menjadi hidup. Temukan sekarang