Ep_6

742 33 0
                                    

Unicode

Guardian Angel (6)

အပိုင်း_၆ ( နှလုံးသားတပြင်လုံးဆူတွေစိုက်နေပေမယ့် ကိုယ်.မနှုတ်ရက်ခဲ့ဘူး )

ကားပေါ်မှာပါလာတဲ့တလျှောက်လုံးလည်းတိတ်ဆိတ်နေပြီး
အိမ်ရောက်တော့လည်း အားရီလိုက်ပြတဲ့
သူ့အတွက်ပြင်ထားတဲ့အခန်းထဲတန်းဝင်သွားတယ်။
ဘာလား ဒီကလေးစိတ်ဆိုးမပြေသေးဘူးလားဟ
ရှစ်ချီကတော့ ဘာလဲ ဘာဖြစ်ထားတာလဲ
ဟူသောအကြည့်ဖြင့်၊
ထို့ကြောင့် မသိကျိုးကျွံ့ပြုလျက်
အိမ်ပေါ်ထပ်က ကိုယ့်အခန်းရှိရာပဲတက်လာလိုက်တော့သည်။
ဒါတောင် ရှစ်ချီက နောက်ကနေလိုက်ဟန်ပြင်
နေတာကြောင့် တားထားရသေးတယ်။
နောက်တနေ့မနက်မိုးလင်းတော့လည်း
ကျွန်တော်နိုးတဲ့အထိ လျန်ရိကမနိုးသေးတာ
ကြောင့်မတွေ့ဖြစ်ခဲ့၊
ကျွန်တော်က အဖိုးခေါ်လို့အဖေ့အိမ်ခဏပြန်
လိုက်တာ တခြားတော့မဟုတ်ဘူး
မမတို့ပြန်လာမဲ့အကြောင်းပြောပြချင်လို့
လျန်ရိကိစ္စကိုတော့ဖုံးကွယ်ထားမှဖြစ်မယ်
အဲ့လိုလုပ်ဖို့လည်း မမကပြောထားတာမို့

🎵..ဓာတ်ပုံဟောင်းလေး..အခန်းးလွတ်လေး
ခဝါချထားတဲ့အတိတ်နေ့ရက်များ
လေပြေညှင်းက ကန့်လန့်ကားပြတင်းကိုဖြတ်တိုက်လို့ ပိုးတဝါးလေးပြန်မြင်တွေ့ရတာက
ဇာတ်လမ်းလေးဖြစ်ခဲ့တဲ့ နွေရာသီနေ့ရက်များ..🎵

အိမ်ထဲဝင်ဝင်ခြင်း ကြားလိုက်ရတဲ့ဂစ်တာသံရယ် သီချင်းသံရယ်
အသံက တကယ်ကို့အဆွေးဓာတ်ပါပြီး
သံလိုက်လိုဆွဲငင်နိုင်တာမျိုး
ဒီလောက်နားထောင်ကောင်းတဲ့အသံက လျန်ရိဆီကနေလာသတဲ့လား
ယုံတောင်မယုံနိုင်ဘူး
သူ့မအေအရင်းရဲ့သီချင်းကိုဆိုနေတာက
သူ့အမေထက်တောင်ပိုပြီးနားထောင်လို့ကောင်းနေသေးတယ်။
ထို့ကြောင့် အသံလာရာဆီခြေဖော့ကာလျှောက်လာမိတော့ သီချင်းသံကဆက်လက်
ပျံ့လွင့်လာပြန်သည်။

🎶 အချိန်တွေကလည်ပတ်လို့ .အဲ့ဒီကံကြမ္မာစက်ဝန်းလေး..မင်းငါ့ကိုချစ်တယ်လို့ပြောခဲ့တဲ့ အဲ့အချိန်ပိုင်းလေး
အချိန်တွေကုန်လွန်သွားသော်ငြား..ကတိသစ္စာတွေ ဝေဝါးသွားသော်ငြား
နှလုံးသားထဲမှာ ထာဝရအနည်ထိုင်နေဆဲပါ ....🎶

Guardian Angel (Completed)Tempat cerita menjadi hidup. Temukan sekarang