မင်္ဂလာဆောင်သို့ လာသည့် လူများသည် ဝင်လာမဆဲ၊တသဲသဲပင်။ကျေးရွာဖြစ်သည့်အတွက် မြို့တွေလို ဒံပေါက်တို့၊ဘာတို့မဟုတ်။အုန်းနို့ခေါက်ဆွဲနှင့်ဇီးဖျော်ရည်တို့ဖြင့်သာ ကျွေးမွေးဧည့်ခံသည်။ပိတောက်ခြောက်ရောင်အင်္ကျီလေးဖြင့် ရွှေဖလားရောင်ပုဆိုးလေးတို့အား တွဲဖက်ဝတ်ဆင်ထားသော ဤအချစ်ငှက်မောင်နှံ၏မျက်နှာထက်၌ အပြုံးများက ဝေဆာလို့နေသည်။
"ချာတိတ်.."
အနောက်မှ ခေါ်သံကြောင့် လင်းလှည့်ကြည့်မိတော့ ကိုဘဒင်။
"ကိုဘဒင်..ဘယ်ကနေ၊ဘယ်လိုလှည့်လာတာလဲ.."
"ချာတိတ်မင်္ဂလာဆောင်သတင်းကို ကြားလို့ ကိုယ်လာခဲ့တာ..ပျော်ရွှင်ပါစေချာတိတ်.."
"ကျေးဇူးပါဗျ..ထိုင်လေကိုဘဒင်.."
"မထိုင်တော့ပါဘူး..ကိုယ်သွားစရာရှိသေးတယ်.."
"ချက်ချင်းကြီးပြန်တော့မလို့လား.."
"အင်း..ကိုယ်က နည်းနည်းအလုပ်များတယ်လေ.."
ခပ်သော့သော့ရယ်ကာ ပြောနေပေမဲ့ ထိုစကားလုံးတို့၌ နာကျင်မှုတို့က အပြည့်။
"ဟုတ်ကဲ့ကိုဘဒင်..လာပေးတဲ့အတွက် ကျေးဇူးပါဗျ..
နောက်မှ တွေ့ကြတာပေါ့.."
"အင်း..နောက်မှ တွေ့ကြတာပေါ့.."
နောက်မှ တွေ့ဖို့ဆိုတာ မသေချာတော့ပါဘူးချာတိတ်ရယ်..။ကံမကုန်သေးရင်တော့ ပြန်ဆုံကြတာပေါ့..။
ကိုဘဒင်ထွက်သွားတော့မှ မင်္ဂလာပွဲအား ပြန်လည်အာရုံစိုက်ရသည်။အဂွမ်းနှင့်သံဂွတို့ကတော့ သူ့သူငယ်ချင်းမင်္ဂလာပွဲ၌ အာကျယ်၊အာကျယ်နှင့် မင်္ဂလာဆောင်တစ်ခုလုံးအား သူတို့လက်၊သူတို့ခြေတွေပင်။(မင်္ဂလာပွဲတစ်ခုလုံးကို သူတို့ပဲ အကုန်လုပ်နေတာကို ဆိုလိုချင်တာပါ။)
"ငလင်း.."
"ရောက်လာကြပြီလား..ငါက နောက်ကျမယ်ထင်နေတာ.."
"ငါက အိပ်လို့တောင် မဝသေးဘူးဟေ့..အဲ့ဟာမလေးတွေက ဖုန်းတဂွမ်ဂွမ်ဆက်ပြီး နှိုးနေတာနဲ့ ဆက်အိပ်လို့မရတော့ဘူး.."
