အပိုင်း၂၅

5.1K 102 1
                                        

"ငလင်းရေ...."

လင်းတို့လှည်းတောင် မရောက်သေး။ကုက္ကိုပင်အောက်မှ ကို့ရို့ကားယားဖြင့် လင်းတို့အား လက်လှမ်းပြကာ အာပြဲကြီးနှင့် အော်နေသည်။

"နင်တို့ကလည်း ကြာလိုက်တာ.."

"နင်တို့ကို နေခြောက်လှမ်းထားတာလေ..ငါ့မင်္ဂလာဆောင်တုန်းကလည်း ရွာထဲကို လမ်းလျှောက်လာတာပဲ..ခုလည်း လမ်းလျှောက်လာပါလား.."

"အဲ့တုန်းက ဝေးမှန်းမသိလို့လေ..ခုတော့ သိသွားလို့ လာကြိုခိုင်းတာ.."

ချယ်ရီမက တခြားသူတွေအား ပြောခွင့်မပေး။သူချည်းသာ ပြောနေသည်။

"အာကာမင်းမြတ်..အထုတ်အပိုးတွေနဲ့ လှည်းက ဆန့်ပါ့မလား.."

"မဆန့်လောက်ဘူး.."

"အဲ့တာဆို အဲ့ဟာမလေးနှစ်ယောက်ကို အရင်ခေါ်သွားလိုက်..ငါတို့ကို ပြီးမှလာကြို..ငါနားငြီးလို့.."

"မသာဇွဲထက်.."

ဇွဲထက်အပြောအား ချယ်ရီမက သာသာယာယာတုန့်ပြန်သည်။

"အဲ့တာဆို အမကြီးတို့နှစ်ယောက် အရင်တက်လိုက်လေ.."

"ဘယ်ကအမကြီးတုန်း..ငလင်းထက်တောင် ၂ရက်ငယ်သေးတယ်.."

သူ့အား အသက်ကြီးသည်ဟု ပြောရင် မကြိုက်သည့် ရွှေပြည်မက အသံထွက်လာသည်။

"ကျုပ်ကိုလင်းက နုတယ်ဗျ..၂၆နီးပါးလို့မထင်ရဘူး..တက်ဗျာ..နေပူတယ်.."

ရွှေပြည်မနှင့်ချယ်ရီမတို့ကတော့ အာကာမင်းမြတ်နှင့် ပြိုင်၍ စကားနိုင်မလုနိုင်တော့သည့်နှယ် လှည်းပေါ်တက်၍ ငြိမ်ငြိမ်လေးထိုင်နေကြသည်။

"ကိုလင်းပါ တက်လေ..နေပူတယ်..နောက်တစ်ခေါက်ကျရင် မလိုက်နဲ့တော့.."

"ငါ ကောင်းဇေတို့နဲ့ ကူစောင့်ပေးလိုက်ဦးမယ်.."

"တက်လို့.."

"ကဲ..ကိုယ်တော်လေးငလင်းရေ..တက်လိုက်ပါကွာ..မဟုတ်ရင် မင်းလင်က သူ့လက်ထဲက တုတ်နဲ့ ငါတို့ကို လိုက်ရိုက်တော့မယ်.."

လင်း,ကောင်းဇေတို့အား 'အားနာ'သလိုကြည့်ကာ လှည်းပေါ်သို့ တက်လိုက်သည်။

ကိုရွှေမြို့သား(Complete)Where stories live. Discover now